(၂၆/၂၀၁၉)

Short course on “Literature Search and Reference Management” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Short course on “Literature Search and Reference Management” အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဆေးသု တေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး/ဌာနခွဲမှူးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာနတို့မှ ဖိတ်ကြားထားသော သင်တန်းသား/သူများ(၃၂)ဦးနှင့်တကွ  စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အား သုတေသန ပြုလုပ်နိုင်ရန် လေ့ကျင့်ပျိုးထောင်သည့်ဗဟိုဌာန (Research Training Center) အဖြစ် အားဖြည့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ အဌမမြောက်သင်တန်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သင်တန်းသား/သူတို့အား သုတေသန သတင်းအချက်အလက်တွေကို စနစ်တကျ ရှာဖွေကိုးကားနိုင်စေရန် Literature Search and Reference Management ပြုလုပ်ရာတွင် နည်းစနစ်တို့ကို ရှင်းလင်းစွာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်ပါသည်။ အဆိုပါ ခေါင်းစဉ်များနှင့် ပတ်သက်သော Theory Background, Presentation နှင့် Demonstrating, Hards-on exercise, Discussion, Assignment တို့ကို အသုံးပြုပြီး ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာများနှင့် The Union အဖွဲ့အစည်းမှ ဆရာများ ပူးပေါင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

View Photos

(၂၅/၂၀၁၉)

“ Data Management Training Workshop” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Data Management Training Workshop” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာဇော်သန်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး /ဌာနခွဲမှူးများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဖိတ်ကြားထားသော သင်တန်း သား/သူများ (၅၀)ဦးနှင့်တကွ  စုစုပေါင်း(၇၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)အား သုတေသန ပြုလုပ်နိုင်ရန် လေ့ကျင့်ပျိုးထောင်သည့်ဗဟိုဌာန (Research Training Center) အဖြစ် အားဖြည့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ သတ္တမမြောက်သင်တန်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သင်တန်းသား/သူတို့အား Principles of Data Management နှင့် Inference Making Skill on Descriptive and Inferential Statistics, Linear Regression, Logistic Regression, Survival Analysis နှင့် Principal Component Analysis (PCA) စသည်တို့ကို ရှင်းလင်းစွာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်ပါသည်။ အဆိုပါ ခေါင်းစဉ်များနှင့် ပတ်သက် သော Theory Background, Presentation နှင့် Interpretation တို့ကို စာတွေ့နှင့်တကွ လက်တွေ့ပါ အသုံးပြုပြီး ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်(မန္တလေး)တို့မှ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများက ပူးပေါင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

View Photos

(၂၄/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁ဝ:၀၀)နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)၏ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ ဒိုးပင်အောင်ကံသာဓမ္မ ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တဦးရေဝတ အမှူးပြု၍ ပင့်သံဃာ(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါ သည်။
ရှေးဦးစွာ ဆရာတော်ကြီးမှ အနုမောဓနာတရားဟောကြားချီးမြှင့်ပါသည်။ ထို့နောက် ဝန်ထမ်းများမှ ဝါဆိုသင်္ကန်းများ၊ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်(၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဌာနရှိဝန်ထမ်းများ အားလုံးအား အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ကြပါသည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်စောအေး နှင့်အတူ ဌာနရှိအရာထမ်း/ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အထက်ပါကပ်လှူ ပူဇော်ပွဲတွင် ဦးစီးဌာနမှ သင်္ကန်း(၂၁)စုံ၊ ထီး(၁)လက်၊ ဖိနပ်(၂)ရံ နှင့် နဝကမ္မအလှူတော်ငွေ (၁၄၀၀၀ိ)ကျပ်အား ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။

View Photos
         

(၂၃/၂၀၁၉)

“ Research Methodology Workshop 2019 ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌  “Research Methodology Workshop” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊  နံနက်(၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာအောင်ခင်  တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂)ဦး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ မန္တလေးသူနာပြုတက္ကသိုလ် နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူး(၅)ဦး၊ ဒုတိယညွှန်ကြားရေးမှူး(၁၂)ဦး၊ ဆေးသုတေသနဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ(၅)ဦး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ(၂၁)ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ (၂)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ(၂)ဦး၊ ကုသရေးဦးစီးဌာနမှ(၅)ဦး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ (၅)ဦး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအသီးသီး မှ ဆရာမ (၁၀)ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၈၀)ဦး ခန့်တက်ရောက်ခဲ့ကြ ပါသည်။
သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဘွဲ့လွန် သင်တန်းတက်ရောက်နေသူများသည် သုတေသနနည်းပညာကို အသုံးချ၍ ကျန်းမာရေး သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေးဝန်ထမ်းများ သုတေသန စွမ်းဆောင်ရည်မြင့်မားစေရန် နှင့် သုတေသနနည်းပညာကို စနစ်တကျ ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ပါသည်။
အဆိုပါ သင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

View Photos

(၂၂/၂၀၁၉)

“ Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings ” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

“Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings” အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊  နံနက်(၀၉:၀၀)အချိန်တွင် ပြင်ဦးလွင်မြို့ Thuzar Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်ခင်စောအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲတို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ကုသရေးဦးစီး ဌာနတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UN နှင့် INGO အဖွဲ့အစည်း တို့မှ ကိုယ်စားလှယ်များ၊ Deputy Director General (Retired) ဒေါက်တာကျော်ဦး၊ ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ညွှန်ကြားရေးမှူးများ၊ Organizing Committee members များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း(၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများနှင့် သားဆက်ခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်(၂၀၁၄)ခုနှစ် မှ (၂၀၁၈)ခုနှစ် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်ခဲ့သော Facility Assessment for Reproductive Health Commodities and Services သုတေသနလုပ်ငန်း၏ တွေ့ရှိချက်များကို လေ့လာသုံးသပ်၍ လိုအပ်ချက်များ၊ ၎င်းတို့ကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ပြုပြင်ပြောင်းလဲရန်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ် ရန်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ အချက်အလက်များအပေါ် အခြေခံ၍ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ပြဿနာများ၏အရင်းအမြစ်ကို လေ့လာ သုံးသပ်ခြင်းနှင့် အကြုံပြုဆွေးနွေးခြင်း စသည်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၂)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

View Photos

(၂၁/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ(Scientific Talk)(၆/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program ) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ (Scientific Talk) အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်း အဝေးခန်းမ(၁)တွင်  ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ ဒုတိညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာလင်းမှ သဘာပတိအဖြစ် လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာအေးမှ အခန်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
          အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ကွန်ပျူတာဌာနခွဲမှ ဒေါ်ခိုင်ဝါလွင်မှ မှ “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Web Mail Services  ဖြစ်သည့် https://mail.mohs.gov.mm” အသုံးပြုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသန ဌာနခွဲမှ သုတေသနလက်ထောက်(၂)၊ ဒေါ်သီရိလှိုင်မှ “Medicines at home” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက်လာသူ ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်း ခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၉၆)ဦး တက်ရောက်ခဲ့ပါသည်။

View Photos

(၂၀/၂၀၁၉)

ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြု ကျောင်းသား /ကျောင်းသူ များလာရောက် လေ့လာခြင်း

ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြု ကျောင်းသား/သူ(၁၄၂)နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၁၉)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၊ နေလည်(၀၁:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြုကျောင်းသား/သူများ ကိုယ်စား ပါမောက္ခဌာနမှူး ဒေါက်တာလင်းလင်းထွန်း မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့်  လေ့လာရေးအဖွဲ့ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ဇီဝဓါတုဗေဒ သုတေသနဌာနခွဲ၊ ဆေးဝါးဗေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟို ဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် ညနေ(၀၄:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၁၉/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ(Scientific Talk)(၅/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program ) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ (Scientific Talk) အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်း အဝေးခန်းမ(၁)တွင်  ၂၀၁၉ ခုနှစ်၊မေလ (၂၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ ဒုတိညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာလင်းမှ သဘာပတိအဖြစ် လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာအေးမှ အခန်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
          အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဗိုင်းရပ်(စ်)ဗေဒသုတေသန ဌာနခွဲမှ ဒေါက်တာအောင်ကျော်ကျော် မှ “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ About 4th KOICID-C3VIRD-TIDCL International Symposium and Meeting and 2nd Workshop for TIDCL(18-22 feb 2019)in South Korea  အသုံးပြုခြင်း ခေါင်းသည်ဖြင့်လည်းကောင်း၊ ဇီဝဗေဒသုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂)၊ ဒေါ်ကြည်စန်းမှ “အဝလွန်ရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက်လာသူ ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၆၄)ဦး တက်ရောက်ခဲ့ပါသည်။

View Photos

(၁၈/၂၀၁၉)


မကွေးတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ အထူးပြုကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခြင်း

မကွေးတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ အထူးပြု ကျောင်းသား/ သူ(၇၄)နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၂၂)ဦး ပါဝင်သော လေ့လာရေးအဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး (စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက် လျက်ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ဓာတုဗေဒနှင့်ဇီဝဓာတုဗေဒအထူးပြု ကျောင်းသား/ သူများ ကိုယ်စား ပါမောက္ခ ဒေါက်တာ ဒေါ်သီတာအောင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်း အခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့်လေ့လာရေးအဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား အပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ရောဂါဗေဒ သုတေသန ဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် နေလည်(၁၂:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၁၇/၂၀၁၉)

ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ဖွင့်လှစ်ခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းကို ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ တွင် သုတေသနအရာရှိ၊ဒေါက်တာနန္ဒာကို ဦးဆောင်၍ ရောဂါဗေဒသုတေသန ဌာနခွဲတွင် ဖွင့်လှစ်ခဲ့ပါသည်။
ဆေးခန်းဖွင့်လှစ်ခြင်းမှာ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဝန်ထမ်းများ အားလုံး/ မှီခိုသူမိသားစုများနှင့်  Training Center သို့ လာရောက်၍ သင်တန်းတက်ရောက် ကြသည့် ပြင်ပပုဂ္ဂိုလ်များအား ကုသပေးနိုင်ရန် ရည်ရွယ်ပါသည်။
ဖွင့်လှစ်သည့်နေ့ရက်တွင် ဆေးပေးကုသခန်းသို့ ဝန်ထမ်း(၃)ဦးမှ လာရောက်၍ ကုသမှုခံယူခဲ့ပြီး ဆရာဝန်နှင့်ကျွမ်းကျင်ဝန်ထမ်းများမှ စောင့်ရှောက်ပေးခဲ့ကြပါသည်။
အဆိုပါဆေးခန်းကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး (ဆရာဝန်ကြီး)(၄)ဦး မှ ကြီးကြပ်တာဝန်ယူ၍ သုတေသန အရာရှိ/သုတေသနမှူး ဆရာဝန်(၉)ဦး နှင့် အကူသူနာပြု ဝန်ထမ်း (၄)ဦးမှ အပတ်စဉ် တနင်္လာနေ့ မွန်းလွဲ(၂)နာရီ မှ (၄)နာရီ အထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်

View Photos

(၁၆/၂၀၁၉)


ရုံးလုပ်ငန်းသုံး ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရုံးလုပ်ငန်းသုံး ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဆေးသုတေသနဦးစီဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက်ရှိ E-Library ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားကို ညွှန်ကြားရေးမှူး(စီမံကိန်း)၊ ဒေါက်တာ မိုးကျော်မြင့် မှ အဖွင့်အမှာ စကား ပြောကြားပြီး ဖွင့်လှစ်ခဲ့ ပါသည်။
အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့်၊ ဒုတိယ ညွှန်ကြားရေးမှူး (ထောက်ပံ့/စီမံ)၊ ဦးခိုင်ထွန်း ဦးဆောင်၍ ဌာနအတွင်းမှ သင်ကြားရေးဆရာ/ဆရာမ(၆)ဦး၊ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းရည်ရွယ်ချက်မှာ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ ကွန်ပျူတာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု ရှိစေရန်နှင့် ရုံးလုပ်ငန်းများ လျင်မြန် သွက်လက်လာစေရန် ဖြစ်ပါသည်။

View Photos

(၁၅/၂၀၁၉)

“Training Workshop on “Responsible Conduct of Research and Research Ethics” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

“Training Workshop on “Responsible Conduct of Research and Research Ethics” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ပထမဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒေါက်တာ ဇော်သန်းထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူ များ၊ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ အရာထမ်းများ စုစုပေါင်း (၁၀၀) ကျော် ခန့်တက်ရောက်ခဲ့ကြပါသည်။
သင်တန်းရည်ရွယ်ချက်မှာ လူသားများပါဝင်သော သုတေသနများ ဆောင်ရွက်ရာ တွင် သုတေသနကျင့်ဝတ်၏ အရေးပါပုံကို သိရှိစေရန်၊ အရည်အသွေး တာဝန်ခံနိုင်သော သုတေသနဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်မြင့်မားတိုးတက်စေရန်၊ ဆေးတက္ကသိုလ်နှင့် အခြား တက္ကသိုလ်များတွင် ကျင့်ဝတ်နှင့်ဂုဏ်သိက္ခာကို သုတေသနယဉ်ကျေးမှု ထွန်းကားလာစေရန်၊ တက္ကသိုလ်ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအကြား လွဲမှားသော သုတေသနဆောင်ရွက်ခြင်း အပြုအမူများ တားဆီးနိုင်ရန် ရည်ရွယ်ချက်များ ဖြင့် ကျင်းပခဲ့ပါသည်။
သင်တန်းပို့ချရာ ကာလအတွင်း သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံဖြင့် သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်း များ ဆောင်ရွက်ခြင်းနှင့် ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းကို ဧပြီလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့ အထိ(၄)ရက်တိုင်တိုင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

View Photos

(၁၄/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနား ကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ် တရားနာ အခမ်းအနားကို၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ စီမံခန့်ခွဲရေးဌာနခွဲ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဒိုးပင်အောင်ကံသာပရဟိတကျောင်းမှ ဆရာတော် ဦးနန္ဒိယ အမှူးပြုသော သံဃာတော်(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ ပါသည်။ ဦးစွာ ဝန်ထမ်းမိသားစုများမှ ရတနာ(၃)ပါးအား ရှိခိုးက န်တော့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ သံဃာတော်များ မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့် ပေးကြပါ သည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာခင်လင်းမှ ဦးဆောင်၍  လှူဒါန်းဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်ဦးနန္ဒိယမှ ရေစက်ချအနုမောဒနာ တရား ဟောကြားခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၁၃:၃၀) နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ အရာထမ်း/အမှုထမ်းစုစုပေါင်း (၅၀)ဦးခန့် တက်ရောက် ခဲ့ကြပြီး အခမ်း အနားအပြီးတွင် တက်ရောက်လာကြသူများအား အချိုရည်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

View Photos

(၁၃/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ မိသားစုများ၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။  အခမ်းအနားတွင် အရာထမ်း/ အမှုထမ်းပေါင်း (၁၅)ဦးမှ သင်္ကြန်သီချင်းများဖြင့် လည်းကောင်း၊ ဝန်ထမ်းအမျိုးသမီး ငယ်များနှင့် ဝန်ထမ်းမိသားစု၏ မျိုးဆက်သစ် သားငယ်/ သမီးငယ်များမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ အခမ်းအနားကိုနေ့လယ် (၁၂:၀၀) နာရီတွင် မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပျော်ရွှင် စွာသံပြိုင် သီဆို ၍ပြီးဆုံးခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ဝန်ထမ်းများအားလုံးအား မုန့်လုံးရေပေါ် ဖြင့် တည်ခင်းဧည့်ခံ ခဲ့ပြီးနောက် ဝန်ထမ်းမိသားစုများ ပျော်ရွှင် စွာနှုတ်ဆက် ရေကစားခဲ့ကြပါသည်

View Photos

(၁၂/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)စတုတ္ထအကြိမ် ဒုလ္လဘရဟန်းခံ၊ ရှင်သာမဏေဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

စတုတ္ထအကြိမ် ဒုလ္လဘရဟန်းခံ၊ ရှင်သာမဏေဝတ်  အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၈) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ အောင်ကံသာဓမ္မရိပ်သာ ဆရာ တော်ဦးရေဝတ အမှူးပြုသော ဿံဃာတော်(၅)ပါးနှင့် ပြင်ဦးလွင်ရုံးခွဲ မှ ဒုလ္လဘသံဃာ(၃)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို၌ ဖွင့်လှစ်ခဲ့ပါ သည်။ ဆက်လက်၍ ဝန်ထမ်းများမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာ တော်မှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်စောအေး မှ လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် ဦးရေဝတမှ အနုမောဒနာတရားနှင့် ရေစက်ချ တရားတော်များ ဟောပြောချီးမြှင့် ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နံနက် (၁၁:၀၀)နာရီတွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အထက်ပါ သံဃာတော်များအား ဝန်ထမ်းများမှ  နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။ အဆိုပါ အခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခင်စောအေးနှင့် အရာထမ်း/ အမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ပြီး ၀န်ထမ်းများအားလုံးအား နေ့လယ်စာဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

View Photos

(၁၁/၂၀၁၉)

Interviewer Training on “2019 Facility Assessment for Reproductive Health Commodities and Services ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

       Interviewer Training on “2019 Facility Assessment for Reproductive Health Commodities and Services” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင်ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင် စောအေး မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သုတေသန မှူးများ၊ သုတေသနအရာရှိများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ပြည်သူ့ကျန်းမာရေးမှ သင်တန်းသူ/ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ UNFPAမှ ဧည့်သည်တော်များ၊ စုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ သုတေသနဆောင်ရွက်မည့်   သုတေသီများ နှင့် အချက်အလက် ကောက်ယူမည့်ဝန်ထမ်းများ သုတေသနအချက်အလက် များ ကောက်ယူမည့် နည်းစနစ်ကို တတ်မြောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ သင်တန်းသူ/ သင်တန်းသားများ အနေဖြင့် သုတေသနနည်းလမ်းတစ်ခုဖြစ်သော Face to Face Interview နှင့် ပတ်သက်၍ သိရှိရန်လိုအပ်သော အခြေခံသဘောတရားများ နားလည်သိရှိစေပြီး သုတေသနအချက်အလက် များ ကွင်းဆင်းကောက်ယူခြင်း၊ အဆင့်ဆင့်ကို စာတွေ့ပါမက လက်တွေ့ပါ ဆောင်ရွက်နိုင်ခဲ့ ပါသည်။
          သင်တန်းပို့ချရာ နှစ်ရက်တာအတွင်း သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံ ဖြင့်သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းကို မတ်လ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့ အထိ(၂)ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ပါသည်။

View Photos

     (၁၀/၂၀၁၉)


Coordination Meeting on “2019 Facility Assessment for Reproductive Health Commodities and Services ”အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Coordination Meeting on “2019 Facility Assessment for Reproductive Health Commodities and Services” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြနန်းတော်ဟိုတယ်၊ ပြင်ဦးလွင်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ ဆေးသုတေသနဦးစီး ဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လှမြသွေးအိန္ဒြာ တို့မှ အဖွင့် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သုတေသနမှူးများ၊ သုတေသန အရာရှိများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ UNFPAမှ ဧည့်သည်တော်များ၊ စုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
အစည်းအဝေး၏ရည်ရွယ်ချက်မှာ သုတေသနဆောင်ရွက်ရန်  သုတေသီများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မိခင်နှင့်မျိုးဆက်ပွားကိုယ်စားလှယ်များ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး၍ သုတေသန၏ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အဓိကသုတေသီ ဒေါက်တာမိုးကျော်မြင့်မှ သုတေသနအကြောင်းကို မိတ်ဆက်ပြောကြားခြင်း၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လှမြသွေးအိန္ဒြာ က ပြည်သူကျန်းမာရေးဦးစီးဌာန၏ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြခြင်း၊ သုတေသနမှူး ဒေါက်တာကျော်သူစိုးက သုတေသနလုပ်ဆောင်မှု နည်းစနစ်ကို ပြောကြားခြင်း ၊ သုတေသနအရာရှိ ဒေါက်တာကျော်ကိုကိုထက်မှ Sampling and Sample Size ကို ပြောကြားခြင်း၊ ဆက်လက်၍ အဓိကသုတေသီ ဒေါက်တာမိုးကျော်မြင့်မှ Team Formation and Job description ၊ သုတေသနမှူး ဒေါက်တာကျော်သူစိုးက Questionnaire for HF providers ၊ သုတေသနအရာရှိ ဒေါက်တာ ကျော်ကိုကိုထက် မှ Administrative procedures and Technical issues တို့ကို ဆွေးနွေးတင်ပြခဲ့ပါသည်။ အစည်းအဝေးကို ညနေ (၄: ၃၀) နာရီတွင် ပြီးစီးခဲ့ပါသည်။

View Photos

  (၉/၂၀၁၉)

Training Workshop on “Qualitative Methods in Health Research ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Training Workshop on “Qualitative Methods in Health Research” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊မတ်လ (၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေးမှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သင်တန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးသုတေသနဦးစီး ဌာန(ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်းများ၊ ဆေးတက္ကသိုလ်- ၁ ၊ ဆေးတက္ကသိုလ် - ၂ ၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ ပထမနှစ် နှင့် ဒုတိယနှစ် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာရပ်ကို လေ့လာနေသော ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများအပြင် ဆေးတက္ကသိုလ် အသီးသီးမှ ကာကွယ်ရေးနှင့် လူမှုဆေးပညာဌာနများမှ လက်ထောက်ကထိကများနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ လက်ထောက်ကထိက(၁)ဦး၊ သင်တန်းသား/သင်တန်းသူ(၃၅)ဦး၊ စုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သုတေသန နည်းလမ်းတစ်ခုဖြစ်သော Qualitative research နှင့် ပတ်သက်၍ သိရှိရန်လိုအပ်သော အခြေခံ သဘောတရားများ နားလည်သိရှိစေရန်နှင့် Qualitative research ဆောင်ရွက်ခြင်းလုပ်ငန်းစဉ် များဖြစ်သော သုတေသနအဆိုပြုလွှာ စတင်ပြုစုခြင်းမှသည် သုတေသနအချက်အလက်များ ကွင်းဆင်းကောက်ယူခြင်း၊ သုတေသနရလဒ်များ ရေးသားတင်ပြခြင်းအထိ အဆင့်ဆင့်ကို စာတွေ့ပါမက လက်တွေ့ပါ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
          သင်တန်းပို့ချရာ ငါးရက်တာအတွင် သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံ ဖြင့်သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို Qualitative research နည်းလမ်းများဖြင့် လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သုတေသနစာစောင်များကို ကိုယ်တိုင်ဖတ်ရှု လေ့လာ၍ ဆွေးနွေးစေခြင်း၊ အုပ်စုလိုက် Presentation များပြုလုပ်စေခြင်း တို့ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။
          အခမ်းအနားပြီးဆုံးချိန်တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပြီးအဆိုပါ သင်တန်းကို မတ်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

View Photos

    (၈/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၄/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဆေးဝါးဗေဒသုတေသနဌာနခွဲ မှ သုတေသနမှူး ၊ ဒေါက်တာ အိအိထွေး မှ  သဘာပတိအဖြစ်လည်းကောင်း ၊ ဘတ်ဂျက်နှင့်ငွေစာရင်းဌာနခွဲ မှ စာရင်းကိုင်-၁ ၊ ဒေါ်ဒိုင်ယာနာနွေးနွေးမှ  အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဘတ်တီးရီးယားဗေဒ သုတေသနဌာနခွဲမှ   ဒေါက်တာငြိမ်းငြိမ်းသောင်း မှ “ဝက်သက်နှင့်ဂျိုက်သိုးရောဂါအကြောင်း သိကောင်းစရာ ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ၊ ဒေါ်သီတာအေး မှ “ပရင်တာဆိုင်ရာသိမှတ်ဖွယ်ရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၈၉) ဦး တက်ရောက်ခဲ့ကြပါသည်။

View Photos

  (၇/၂၀၁၉)

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ အရာထမ်းလောင်းအခြေခံသင်တန်း၊  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းသား/ သင်တန်းသူများ လာရောက် လေ့လာခြင်း

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ကြီးကြပ်သူ ဆရာ/ဆရာမ (၁၀)ဦး၊ သင်တန်း သား/ သင်တန်းသူ(၁၁၆)ဦး၊ စုစုပေါင်း (၁၂၆)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ မတ်လ (၄) ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသု တေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။​ လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင်၊ ဌာနကြီးမှူး(ပညာရေးနှင့်လေ့ကျင့်ရေး) ဒေါ်ခင် စမ်းယုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအန ားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် အုပ်စု(၂)စုခွဲ၍ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)ရှိ ဇီဝဓါတု ဗေဒသုတေသနဌာနခွဲ၊ ကပ်ပါးပိုး ဗေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၆/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၃/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဆေးဝါးဗေဒသုတေသနဌာနခွဲ မှ သုတေသနမှူး ၊ ဒေါက်တာ အိအိထွေး မှ  သဘာပတိအဖြစ်လည်းကောင်း၊ ဘတ်ဂျက်နှင့်ငွေစာရင်း ဌာနခွဲ မှ စာရင်းကိုင်-၁ ၊ ဒေါ်ဒိုင်ယာနာန ွေးနွေးမှ  အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဓါတ်ခွဲခန်းတိရစ္ဆာန် မွေးမြူရေးဌာနခွဲမှ  ဒေါက်တာရတနာအောင် မျိုးဟန် မှ “Antimicrobial Residues in Food of Animal Origin ”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စီမံခန့်ခွဲရေးဌာနခွဲမှ ပုံနှိပ်ကျွမ်းကျင်- ၂ ၊ ဒေါ်တင်မိုးဝင်း မှ “မင်းကွတ်သီး၏ ဆေးဖက်ဝင် ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

View Photos

(၅/၂၀၁၉)

ကမ္ဘာ့ကင်ဆာရောဂါနေ့အထိန်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် အကြိုအသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန ်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေးမှ အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ကင်ဆာရောဂါနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေရောင်နှင်းဆီ၊ ကင်ဆာဖောင်ဒေးရှင်းမှ ပြုစုထားသည့် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ၏ အသိပညာပေး Video File ကို ပြသခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး(လူမှုဆေးသုတေသန)၊ ဒေါက်တာစောစောမှ ကင်ဆာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ သိသင့် သိထိုက်သည်များကို ပြောကြားခဲ့ပါသည်။  
ဟောပြောပွဲ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံး ခွဲ)မှ အရာထမ်း/ အမှုထမ်းများ၊ အတူနေမိသားစုဝင်များ စုံညီစွာတက်ရ ောက်ခဲ့ကြပါသည်။ တက်ရောက်လာကြ သူများမှ သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ခင်စောအေးနှင့် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေ ကြားခဲ့ပြီး နေ့လည်(၁၁:၄၅)နာရီ အချိန်တွင် အခမ်းအနားပြီး
ဆုံး ခဲ့ပါသည်။

View Photos

  (၄/၂၀၁၉)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ဓာတုဗေဒဌာနမှ ဓာတုဗေဒအထူးပြုကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခြင်း

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီက ောလိပ်(စစ်ကိုင်း) ဓာတု ဗေဒဌာနမှ ဓာတုဗေဒအထူးပြု ကျောင်းသား/ ကျောင်းသူ(၂၇)ဦး၊ကြီးကြပ်သူ ဆရာ/ဆရာမ(၁၁)ဦး၊ စုစုပေါင်း (၃၈)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံး ခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆို ခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်း များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ ဓာတုဗေဒဌာနမှ  ပါမောက္ခ/ဌာနမှူး၊ ဒေါ်ခင်မြမြဦး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ညွှန်ကြား ရေးမှူးများနှင့် ဌာနခွဲမှူးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ကပ်ပါးပိုးဗေဒသုတေ သနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ် များ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် ညနေ(၂:၃၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၃/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၁/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဗိုင်းရပ်(စ်)ဗေဒ သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာ အောင်ကျော် ကျော်မှ  သဘာပတိ အဖြစ်လည်းကောင်း၊ ကွန်ပျူတာ ဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာဝင်းမှ အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဇီဝဓါတုဗေဒသုတေ သနဌာနခွဲမှ  ဒေါက်တာသက်ဦးဝေ မှ “Disinfectanrt” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲရေး ဌာနခွဲမှ အငယ်တန်း လက်ရေးတိုလက်နှိပ်စက်ရိုက် ၊ ဒေါ်သင်းသင်းလဲ့ မှ “အိပ်စက်ခြင်းနှင့် ကျန်းမာရေးအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင် များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ညွှန်ကြား ရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၈၄)ဦး တက်ရောက် ခဲ့ကြပါသည်။

View Photos

  (၂/၂၀၁၉)

မန္တလေးတိုင်းဒေသကြီး၊မြန်မာ့အာမခံလုပ်ငန်းမှ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊   ဝန်ထမ်းများ အတွက် အသက်အာမခံ (ကာလတို)လာရောက် ဆောင်ရွက်ပေးခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်နှင့် အဖွဲ့သည်  ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဝန်ထမ်းများနှင့် မန္တလေး တိုင်းဒေသကြီး မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူများ တွေ့ဆုံ ပွဲကို အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူး (စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်မှ မြန်မာ့အာမခံ လုပ်ငန်းမှ ဆောင်ရွက်ပေးနေသည့် အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အထူးအားဖြင့် နိုင်ငံတော်မှ ၂၀၁၈ခုနှစ်၊ ဇွန်လမှစ၍ ဆောင်ရွက်ပေးလျှက်ရှိ သော ဝန်ထမ်းများအတွက် (ကာလတို) အသက်အာမခံ ဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက် ခြင်းဖြစ် ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။တက်ရောက်လာသူ ဝန်ထမ်း များမှ သိရှိလိုသည် များကို ဆွေးနွေး မေးမြန်းကြရာ မြန်မာ့ အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်နှင့် အဖွဲ့မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်း/အမှုထမ်း များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား ပြီးဆုံးချိန်တွင် အရာထမ်း/အမှုထမ်းပေါင်း (၁၆၄) ဦးမှ (ကာလတို) အသက်အ
ာမခံ ထားရှိခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

View Photos

(၁/၂၀၁၉)

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းသား/ သင်တန်းသူများ လာရောက်လေ့လာခြင်း

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ကြီးကြပ်သူ ဆရာ/ဆရာမ (၁၀)ဦး၊ သင်တန်း သား/ သင်တန်းသူ(၇၃)ဦး၊ စုစုပေါင်း (၈၃)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြ ပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့်သုတေသန လုပ်ငန်း များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။​ လေ့လာရေးအဖွဲ့ ကိုယ်စား အဖွဲ့ခေါင်းဆောင်၊ဌာနကြီးမှူး (ပညာရေးနှင် ့လေ့ကျင့် ရေး) ဒေါ်ခင်စမ်းယု မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် အုပ်စု(၂)စုခွဲ၍ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ရှိ ဇီဝဓါတုဗေဒသုတေသနဌာနခွဲ၊ ကပ်ပါးပိုးဗ ေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေး ဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက်နှင့် Herbal Museum တို့ကိုလ ေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် နေ့လည်(၁၂ :၃၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာ သွား
ကြပါသည်။

View Photos

 

 

 
Home Administration & Support Planning Inspection Procurement and Distribution Clinical Research Centre Biomedical Research Centre Socio Medical Research Centre Events Announcements
 
 
Copyright 2015 Department of Medical Research (Pyin Oo Lwin branch)