color: #00FFFF; }
 

 

 

(၁၀/၂၀၂၀)

Training Workshop On "Literature Search and Reference Management for Master of Myanmar Traditional Medicine Students" သင်တန်းကျင်းပခြင်း
Training Workshop On "Literature Search and Reference Management for Master of Myanmar Traditional Medicine Students" သင်တန်းအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောစောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ဒေါက်တာစောစောမှ အဖွင့်အမှာ စကားပြောကြား ရာတွင် ယခုသင်တန်းသည် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် တိုင်းရင်းဆေးပညာမဟာဘွဲ့လွန် ပထမနှစ် သင်တန်း တက်ရောက်လျှက်ရှိသော ကျောင်းသား/​ကျောင်းသူများအတွက် အထူးရည်ရွယ်ပြုလုပ်သော ပထမဆုံး သင်တန်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဖွင့်ဖြိုးတိုးတက်ရေးတွင် သုတေသနသည် အလွန်အရေးပါကြောင်း နှင့် ဆေးသုတေသနဦးစီးဌာန အနေဖြင့် ကဏ္ဍ အသီးသီးမှ ပံပိုးကူညီလျှက်ရှိပါကြောင်း၊ ယခုသင်တန်းသည် ဘွဲ့လွန် စာတမ်းများအတွက် သာမက သုတေသနစာတမ်းများ အတွက်ပါ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးစီးပြီးပါကလည်း အခြားသူများကို ပြန်လည်သင်ကြားပေးစေ လိုပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်း သို့ သင်တန်းသားများ အဖြစ် တိုင်းရင်းဆေးပညာ မဟာဘွဲ့ လွန်သင်တန်း တက်ရောက်လျှက်ရှိသော ကျောင်းသူ (၂၁) ဦး အပြင် ဆေးသုတေသနဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ သုတေသနမှူးများ၊ သုတေသနအရာရှိများ၊ သုတေသနလက်ထောက်များ၊ စာကြည့်တိုက်မှူးများ၊ လက်ထောက်စာကြည့်တိုက်မှူးများ အပါအ၀င် သင်တန်းသားအားလုံး စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်းဆရာများ အဖြစ် ဆေးသုတေသနဦးစီးဌာန မှ သုတေသီများ၊ ဆေးတက္ကသိုလ် (မန္တလေး) မှ လက်ထောက်ကထိက၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း တို့မှ သင်ကြားဆွေးနွေးမှုများ ပြုလုပ် ခဲ့ပါသည်။ (၃) ရက်တာ သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့ သင်ယူ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်တွင် ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစောစောမှ သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ တို်းရင်းဆေးတက္ကသိုလ် သို့ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ သင်တန်းသူတစ်ဦးမှ သင်တန်းနှင့် ပတ်သက်သည့် အတွေ့အကြုံများ မျှဝေခြင်းစသည့် အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ပါသည်။ ယခုသင်တန်းအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကမ္ဘာ့ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ Coronavirus Disease (COVID-19) ကာကွယ်တား ဆီးရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်

View Photos

 

(၉/၂၀၂၀)

သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန
ပင်မဆောင် ဆောက်လုပ်ရန်အတွက်
မြေသန့်ပရိတ်ရွတ်မင်္ဂလာအခမ်းအနားနှင့် ပန္နက်ရိုက်ခြင်း အခမ်းအနား



ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသနစွမ်း ဆောင်ရည် လေ့ကျင့်မြှင့်တင် ရေးဗဟိုဌာန၊ ပင်မအဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေသန့်ပရိတ်ရွတ်မင်္ဂလာ ပြုလုပ်ခြင်းကို ဆေးသုတေသန ဦးစီး ဌာန(ပြင်ဦးလွင်ရုံးခွဲ) ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ရှင်းလင်း ဆောင်၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ ညနေ(၄:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်၊ ဒိုးပင်ဓမ္မရိပ်သာ ဆရာတော် ဦးရေဝတ ဦးဆောင်သော သံဃာ တော် (၅)ပါးမှ မြေသန့် မင်္ဂလာနှင့် ပရိတ်ကမ္မဝါစာများကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ရုံးဝန်းအနှံ့ လှည့်လည်ရွတ်ဆို ပူဇော်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဆေးသုတေ သနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဒေါက်တာ စောစော၊ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ (၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်(၇:၃၀) နာရီ အချိန်တွင် ပင်မအဆောက်အဦ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရ ေးမှူးချုပ်တို့မှ ပင်မဆောင်အတွက် ပန္နက်ရိုက်ပေးခဲ့ကြပြီး အဆိုပါ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးအဖွဲ့များ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

View Photos

(၈/၂၀၂၀)

(၃၀-၆-၂၀၂၀)ရက်နေ့မှ (၄-၇-၂၀၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် “Qualitative Methods in Health Research (2/2020)” အလုပ်ရုံဆွေးနွေးပွဲ

“Qualitative Methods in Health Research (2/2020)” သင်တန်းကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၃၀)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ) ၌ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယညွှန်ကြား ရေးမှူးချုပ် (သုတေသန) ဒေါက်တာစောစောက ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုသင်တန်းတွင် ဆေးပညာမဟာသိပ္ပံ (ကာကွယ်ရေးနှင့်အပူပိုင်း ဆေးပညာ) (Master of Preventive and Tropical Medicine) ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် ကျင်းပပြုလုပ်ခဲ့သော "First training workshop on research capacity strengthening and proposal development for basic health services professional" သင်တန်းသို့ တက်ရောက်ခဲ့ပြီး ၎င်းတို့၏ သုတေသနတွင် Qualitative Data Collection Methods ပါဝင်သော သင်တန်းသား၊ သင်တန်းသူ များ၊ သားဖွားမီးယပ်ပညာဌာနမှ ပါရဂူဘွဲ့ကျောင်း သူများ အပါအဝင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (Participant) ၂၄ ဦး တို့တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဆေးသုတေသန ဦးစီးဌာနမှ သုတေသီများ၊ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၂) (ရန်ကုန်)၊ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းတို့မှ ကျွမ်းကျင်ပညာရှင်များမှ သင်ကြား ပို့ချပေးခဲ့ပါသည်။ သင်တန်းကို ဇွန်လ (၃၀)ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပခဲ့ပါသည်။ သင်ခန်းစာများ ကိုသင်ကြားရာတွင် lecture များပို့ချရုံ သာမက အမေးအဖြေများ၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ လက်တွေ့ကွင်းဆင်း၍ သုတေသန အချက်အလက်များ ကောက်ယူခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြမ်း စိတ်ဖြာနားလည် နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ အုပ်စုလိုက် ပြန်လည်တင်ပြ ဆွေးနွေးခြင်းများပြုလုပ်ခြင်းစသည်တို့ဖြင့် လေ့ကျင့် သင်ကြား ပေး ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၄)ရက်နေ့ ညနေ (၄)နာရီ အချိန်တွင် ကျင်းပခဲ့ရာ ဆေးသု တေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာစောစောမှ သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားခဲ့ပြီး တာဝန်ရှိ သူများမှ သင်တန်းဆင်း လက်မှတ်များ နှင့် သင်တန်းသူ/ သင်တန်းသားများအား တစ်ဦးချင်း ထူးချွန်ဆု နှင့် အုပ်စုလိုက် ထူးချွန်ဆု များကို ပေးအပ်ခဲ့ပါသည်။ သင်တန်းကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေး စီမံ ဆောင်ရွက်ထားရှိမှု လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့ကြပါသည်။

View Photos

(၇/၂၀၂၀)

(၂၁-၆-၂၀၂၀ ရက်နေ့ မှ ၂၃-၆-၂၀၂၀ ရက်နေ့ ထိ) ကျင်းပပြုလုပ်သည့် ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့်လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသင်တန်း (၁/၂၀၂၀) (training workshop on qualitative methods in health research - 1/2020) ဖွင့်ပွဲ အခမ်းအနား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသန (ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသန စွမ်းဆောင် ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန (Research Capacity Strengthening Training Center)၌ ကျင်းပခဲ့သည့် ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့် လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသင်တန်း (၁/၂၀၂၀) (training workshop on qualitative methods in health research - 1/2020) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီး တစ်ခုလုံး၏ စွမ်း ဆောင်ရည်နှင့် အကျိုး ထိရောက်တို့အား တိုးတက်စေသည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အထောက် အကူပြု အကျိုး သက်ရောက်မှု ရှိမည်ဖြစ်ပါကြောင်း၊
သုတေသနပြုလုပ်သူ ဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်း၊ ဖောက်ထွက် စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်း စဉ်းစားနိုင်မှု၊ အချက်အလက် အထောက်အ ထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှု၊ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့် ဆန်းစစ်နိုင်စွမ်းရည်များ တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊
COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် သုတေသနစွမ်းဆောင် ရည်မြှင့်တင်မှု သင်တန်းများကို ယာယီရပ်ဆိုင်း ထားခဲ့ရာမှ ယခုအခါ စည်းကမ်းချက်များနှင့် အညီပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်ခဲ့သည့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူ များအား ကျေ းဇူးတင်ရှိပါကြောင်း၊
ယခု သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွင် ဆေးရုံအုပ်၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး၊ ဆေးဘက်ဆိုင်ရာပညာရှင်၊ ဆေးဝါး ပညာရှင် စသည်ဖြင့် ဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ပညာရှင်အမျိုး အစားပေါင်းစုံ လေ့ကျင့်သင်ကြား ပေးခြင်းသည် ကောင်း မွန်ပါကြောင်း၊

ဤသုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန၌ ပြုလုပ်သော သုတေသနစွမ်းဆောင်ရည်မြှင့်သင်တန်းအမျိုးမျိုးတွင် သက်ဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသား/ သူများအတွက် ပြုလုပ်သော သင်တန်းများအပြင် ဝန်ကြီးဌာနမှ စိတ်ပါဝင်စား တက်ရောက်လိုသူ မည်သူမဆိုတက်ရောက်နိုင်သည့် သင်တန်းများလည်း ရှိ ပါကြောင်း၊
ယခုသင်တန်းတွင် စကားစုများဖြင့်လေ့လာသည့် သုတေသန နည်းစနစ် (qualitative research method) များနှင့် ပတ်သက်၍ သင်ကြားသင်ယူမှုများ ပြုလုပ်ရာတွင်လည်း ဟောပြောပို့ချမှု သာမက အပြန်အလှန်ဝေဖန် ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့လေ့ကျင့်ခြင်းနှင့် လက်တွေ့ကွင်းဆင်း သုတေသနဆောင်ရွက်ခြင်း၊ အဖွဲ့လိုက် သုတေသနအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဝေဖန်သုံးသပ်ခြင်း နှင့် ဆွေးနွေးတင်ပြခြင်း တို့ပါဝင်သည်မှာ ဝန်ကြီးဌာနတိုးတက်မှုအတွက် ရေရှည်တွင် အထူးကောင်းမွန်ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့် ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း (၃,၀၀၀)လျာထားပါကြောင်း၊

အဆိုပါသုတေသနရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး၊ ဘဏ္ဍငွေခွဲဝေ သုံးစွဲမှုများ ပိုမို စနစ်ကျမှန်ကန် စေရေး၊ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုပီပြင်စေရေး၊ ကျန်းမာရေးပြဿနာများ၊ ကုထုံးများ၊ ဆေးပညာ သင်ကြားမှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ မူဝါဒရေးရာများကို ပိုမိုကောင်းမွန်စေရေးနှင့် အားနည်း ချက်များအား လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်ရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး အသုံးချသုတေသနများကို မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်ကြစေလိုပါကြောင်း၊
သုတေသနတွေ့ရှိချက်များအပေါ်အခြေခံ၍ စီမံချက်များရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေချထားခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင် အောင်မြင်နိုင်ကာ ကျန်းမာရေးအရင်းအမြစ်များကို အလေအလွင့် နည်းပါးစွာဖြင့် ပိုမိုအကျိုးရှိ ထိရောက်မှုရှိစွာ အသုံးပြုနိုင် မည်ဖြစ်ပါ ကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးသုတေသန မူဝါဒ (၂၀၁၇) ကို ရေးဆွဲ နိုင်ခဲ့ပြီး အမျိုးသားသုတေသနမူဝါဒ ပေါ်ပေါက်လာရေး အတွက် မိမိတို့အားလုံး သည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနမှ ထူထောင်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry)၊ သုတေသန သတင်းအချက် အလက်စနစ် (research information system) နှင့် သုတေသန ခေါင်းစဉ် ဘဏ်တိုက် (research title bank) တို့ကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးနှင့် ခေတ်မီစေရေး မွမ်းမံဆောင်ရွက်သွားစေလိုပါကြောင်း၊

ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှ ဒေသ ဆိုင်ရာရုံးမှ ထုတ်ဝေခဲ့သော Research management module များ ကိုမှီငြမ်း၍ ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနစီမံခန့်ခွဲမှု module များကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊ အလားတူ ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) လုပ်ငန်းလမ်းညွှန်၊ သုတေသနစီမံခန့်ခွဲမှု၊ သုတေသန နည်းပညာ ဆိုင်ရာ စာအုပ်စာတမ်း များကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊ အဆိုပါ စာအုပ်စာတမ်း များအား ဝန်ကြီးဌာန၏ တက္ကသိုလ် (၁၆) ခုနှင့် သူနာပြု သားဖွဦး သင်တန်းကျောင်း (၅၃) ခုတို့၌ သုံးစွဲသွားစေလိုပါကြောင်း၊
ဝန်ကြီးဌာနမှ လာမည့်ဘဏ္ဍာနှစ်၌ ဆေးဝါးဝယ်ယူရန်အတွက် ကျပ် (၃၀၀) ဘီလီယံ တိုးမြှင့်မည်ဖြစ်သဖြင့် ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုကဏ္ဍများပိုမိုကောင်းမွန် စေရေး အတွက် အသုံးချ သုတေသနများကိုလည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်း၍ လည်း multi-centric research များ ပိုမိုပြု လုပ်သွား စေလိုပါကြောင်း၊
သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးချကာ အင်တာနက် (online) မှ ပြုလုပ်သွားစေ လိုပါကြောင်း၊
ယခု သင်တန်းအပါအဝင် ဝန်ကြီးဌာန၏ သင်တန်းများ၊ တက္ကသိုလ်များတွင် ဟောပြောပို့ချမှုများကို ရုပ်သံ (video) မှတ်တမ်းရိုက်ကူးကာ သင်တန်း မတက်ရောက် နိုင်သူများ လေ့လာဆည်းပူးနိုင်ရန်အတွက် ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဦးစီးဌာနနှင့် တက္ကသိုလ်များ၏ အင်တာနက်စာမျက်တွင် ဖော်ပြထားရှိစေလိုပါကြောင်း၊
သင်တန်းနောက်ဆုံးနေ့တွင်လည်း သင်တန်းနှင့် ပတ်သက်၍ သင်တန်း တက်ရောက်သူများ၏ သဘောထားအမြင်များကို ကောက်ယူကာ သင်တန်းများ ပိုမိုကောင်းမွန် စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။

View Photos

(၆/၂၀၂၀)


"COVID -19 Mobile Sample Collection Team" ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ငန်း

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သည် COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၌ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ခဲ့ပုံ (Team-2)၁။      AMRC တွင် PPE ဝတ်နည်း ချွတ်နည်း၊ Real Time PCR, Oropharyngeal swab and Nasal swab ယူနည်းကို ပထမဦးစွာ Training ယူခဲ့ပါသည်။

၂။       ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ သုတေသန ဝန်ထမ်း (၄)ဦးသည် (၁-၅-၂၀၂၀)ရက်နေ့ မှ (၁၆-၅-၂၀၂၀)ရက်နေ့အထိ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာ ယူခြင်း၊ သယ်ဆောင်ပေးခြင်း၊ ဓါတ်ခွဲခန်းသို့ ဓါတ်ခွဲစစ်ဆေးသည့် အနေအထား ရောက်ရှိအောင် ဆောင်ရွက် ခဲ့ကြပါသည်။

၃။      (၁-၅-၂၀၂၀) ရက်နေ့ မှ (၁၆-၅-၂၀၂၀)ရက်နေ့အတွင်း လှည်းကူးမြို့နယ်၊ ကိုရီးယားဓမ္မ မာမက မဟာစည်ရိပ်သာတွင် (၈၅)ဦး၊ ပန်းဘဲတန်းမြို့နယ် Pan Pacific Hotel  တွင် (၆၇)ဦး၊ အင်းစိန်မြို့နယ် Kwekabaw Hospital တွင် (၁၁၉)ဦး၊ ကမာရွတ်မြို့နယ် အဓိပတိဆောင်တွင် (၈၁)ဦး၊ မင်္ဂလာဒုံမြို့နယ် လောင်းတော်ဦး ဓမ္မရိပ်သာ တွင် (၃၁)ဦး၊ လှိုင်မြို့နယ် G ဆောင်တွင် (၁၅)ဦး၊ မင်္ဂလာဒုံမြို့နယ် K.T Hotel တွင် (၅၇)ဦး၊ ကမာရွတ်မြို့နယ် အမရာဆောင်တွင် (၂၇)ဦး၊ သံပျင်ဆောင်တွင် (၅၆)ဦး၊ မင်္ဂလာဒုံမြို့နယ် သဲအင်းဂူဝိပဿနာရိပ်သာတွင် (၁၃၆)ဦး၊ ကမာရွတ်မြို့နယ် Summer Palace Hotel တွင် (၆၁)ဦး၊ ကမာရွတ်မြို့နယ် အမရာဆောင်တွင် (၂၀)ဦးနှင့် ဗဟန်းမြို့နယ်တွင် (၂၉)ဦးတို့အား နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာယူပြီး ဓါတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ပါသည်။

Team 2 ၌ ဆောင်ရွက်ခဲ့ကြသူများမှာ

အမည် ရာထူး                                  ဌာနခွဲ
၁။ ဒေါက်တာခင်မိုးအောင်     ဒုတိယညွှန်ကြားရေးမှူး        ရောဂါဗေဒသုတေသနဌာနခွဲ
၂။ ဦးမြမိုး                          သုတေသနအရာရှိ               ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲ
၃။ ဒေါ်ဌေးဌေးကြွယ်           ဓါတ်ခွဲကျွမ်းကျင်-၁             ရောဂါဗေဒသုတေသနဌာနခွဲ
၄။ ဒေါ်တူးတူးမာ                သုတေသနလက်ထောက်-၃   ဗိုင်းရပ်စ်ဗေဒသုတေသနဌာနခွဲ

ဤကဲ့သို့ COVID-19 ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အားပေးချီးမြှောက်မှု ရရှိခဲ့ရပါသည်။

View Photos

(၅/၂၀၂၀)

"COVID -19 Mobile Sample Collection Team" ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ငန်း

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သည် COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၌ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ခဲ့ပုံ (Team-1)
၁။      AMRC တွင် PPE ဝတ်နည်း ချွတ်နည်း၊ Real Time PCR, Oropharyngeal swab and Nasal swab ယူနည်းကို ပထမဦးစွာ Training ယူခဲ့ပါသည်။
၂။       ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ သုတေသန ဝန်ထမ်း (၄)ဦးသည် (၁၈-၄-၂၀၂၀)ရက်နေ့ မှ (၃၀-၄-၂၀၂၀)ရက်နေ့အထိ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာ ယူခြင်း၊ သယ်ဆောင်ပေးခြင်း၊ ဓါတ်ခွဲခန်းသို့ ဓါတ်ခွဲစစ်ဆေးသည့် အနေအထား ရောက်ရှိအောင် ဆောင်ရွက်ခဲ့ကြပါသည်။
၃။      (၁၈-၄-၂၀၂၀) ရက်နေ့ မှ (၃၀-၄-၂၀၂၀)ရက်နေ့အတွင်း မရမ်းကုန်းမြို့နယ်၊ အင်းလျား လိတ်ဟိုတယ်တွင် (၂၅)ဦး၊ ဒဂုံမြို့နယ် Park Royal Hotel တွင် (၆၄)ဦး၊ မင်္ဂလာဒုံမြို့နယ် လောင်းတော်ဦး ဓမ္မရိပ်သာတွင် (၃၅)ဦး၊ မင်္ဂလာဒုံမြို့နယ် ဓမ္မဝေရတောရကျောင်းတွင် (၁၆)ဦး၊ ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ် အမရဆောင်တွင် (၁၃၆)ဦး၊ ပန်းဘဲတန်းမြို့နယ် Pan Pacific Hotel တွင် (၅၀)ဦး၊ မရမ်းကုန်းမြို့နယ် The Hub Hotel တွင် (၁၀)ဦး၊ မြောက်ဥက္က လာပမြို့နယ် River View အိမ်ရာတွင် (၁၄)ဦး၊  ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်  သံပျင် ဆောင်တွင် (၁၂၈)ဦး၊ လှိုင်သာယာမြို့နယ် ချန်းရီဖိနပ်စက်ရုံတွင် (၁၁၅)ဦး၊ ဒဂုံမြို့နယ် Park Royal  Hotel တွင် (၃၀)ဦး၊ ပန်းဘဲတန်းမြို့နယ် Pan Pacific Hotel တွင် (၅၀)ဦး၊ မင်္ဂလာဒုံမြို့ နယ် လောင်းတော်ဦး ဓမ္မရိပ်သာတွင် (၃၇)ဦးတို့အား နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာယူပြီး ဓါတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ပါသည်။

Team 1 ၌ ဆောင်ရွက်ခဲ့ကြသူများမှာ
အမည်                                ရာထူး                         ဌာနခွဲ
၁။ ဒေါက်တာသက်ထူးအောင် သုတေသနအရာရှိ      ဗိုင်းရပ်စ်ဗေဒသုတေသနဌာနခွဲ
၂။ ဦးမြမိုး                                    သုတေသနအရာရှိ      ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲ
၃။ ဒေါ်သိမ်းသိမ်းထွေး                   ဓါတ်ခွဲကျွမ်းကျင်-၁    ဗိုင်းရပ်စ်ဗေဒသုတေသနဌာနခွဲ
၄။ ဒေါ်မေသင်းကြူ                       သုတေသနလ/ထ-၂   ရောဂါပြီးဗေဒသုတေသနဌာနခွဲ

ဤကဲ့သို့ COVID-19 ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အားပေးချီးမြှောက်မှု ရရှိခဲ့ရပါသည်။

View Photos

(၄/၂၀၂၀)

Short course on “Efficient, Quality-assured Data Capture Using EpiData” သင်တန်းကျင်းပခြင်း

Short course on “Efficient, Quality-assured Data Capture Using EpiData” သင်တန်းအား ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ရှိ သုတေသန စွမ်းဆောင်ရည်လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာန တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်(၉) နာရီတွင် ကျင်းပခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး ဒေါက်တာသီတာမှ အဖွင့်အမှာ စကား ပြောကြား ခဲ့ပါသည်။ ဒေါက်တာသီတာမှ အမှာစကား ပြောကြားရာတွင် ယခု သင်တန်း အတွက် သင်တန်းသား ရွေးချယ်ခြင်းအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်ထား နိုင်ရန် Call for application ဖြင့် ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ သတ်မှတ်ရက်မ ကျော် လွန်မှီ လျှောက်လွှာပေါင်း (၆၇)ခု လက်ခံရရှိခဲ့ပါကြောင်း အဆိုပါလျှောက်ထား သူများထဲမှ Call for application တွင်ပါရှိသော သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ဦးစားပေး ရွေးချယ် ခဲ့ပါကြောင်း၊ သင်တန်းသား အရေအတွက်အား မူလ သတ်မှတ်ထားသည့် အရေအတွက်ထက် ကျော်လွန်ပြီး ခေါ်ယူပေးခဲ့ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက် အောင်ရှိ ကုသရေး ဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ ဆေးသု တေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီး ဌာန၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အသီးသီးတို့မှာ သင်တန်းသား(၄၃) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆရာများ အဖြစ် ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ဆေး တက္ကသိုလ်(မန္တလေး)နှင့် သွားဘက် ဆိုင်ရာရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ ကထိကများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အစိုးရမဟုတ်သောနိုင်ငံ တကာအဖွဲ့ အစည်း တို့မှ သင်တန်း ဆရာများအပါဝင် စုစုပေါင်း (၁၂)ဦး သင်ကြား ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါသည်။ (၂)ရက်တာ သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့ သင်ယူလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲ အခမ်းအနားအား ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၁)နေ့ညနေ (၅)နာရီခွဲ အချိန်တွင် ကျင်းပ ခဲ့ပြီး ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ဒေါက်တာမိုး ကျော်မြင့်မှ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

View Photos

(၃/၂၀၂၀)

In-house KoBoToolbox Programming Training: Mobile Data Collection သင်တန်း ကျင်းပပြုလုပ်ခြင်း (၃-၃-၂၀၂၀)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဉီးစီး ဌာန (ပြင်ဦးလွင်ရုံးခွဲ)တွင် တာဝန်ထမ်းဆောင်နေသော သုတေသီများ၊ သုတေ သန လက်ထောက်များအတွက် In-house KoBoToolbox Programming Training: Mobile Data Collectionသင်တန်းကိုမတ်လ (၃) ရက်မှ (၅) ရက် ထိ (၃)ရက်ကြာ ဌာနတွင်း လေ့ကျင့် သင်ကြား ‌ ပေးခဲ့ပါသည်။
အဆိုပါသင်တန်းတွင်KoBo Toolbox အသုံးပြု၍ Mobile data ကောက်ယူခြင်း နှင့်ပတ်သက်သောပြုလုပ်ပုံအဆင့်ဆင့် XLSForm အသုံးပြု၍ မေးခွန်း လွှာတည်ဆောက်ခြင်း၊ Server ပေါ်သို့ မေးခွန်းလွှာကိုတင်ခြင်း၊ Download ဆွဲခြင်း၊ ကောက်ယူပြီးသော မေးခွန်းလွှာ များကို ပြန်လည် ပေးပို့ခြင်း၊ Dataများအားexportပြုလုပ်ခြင်း စသော အကြောင်း အရာများကို စာတွေ့လက်တွေ့သင်ကြား ပြသပေး၍ အုပ်စုအလိုက်လ ေ့ကျင့်ခန်းများ ဆောင်ရွက်ကာ ပြန်လည် တင်ပြခြင်းထိ ဆောင်ရွက် ခဲ့ကြပါသည်။

View Photos

(၂/၂၀၂၀)

ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာလေ့ကျင့်မြှင့်တင်ရေး သင်တန်း (၂၀၂၀)
(First training workshop on research capacity strengthening and proposal development for basic health services professionals)

“ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာ လေ့ကျင့်မြှင့်တင် ရေးသင်တန်း (၂၀၂၀) (First training workshop on research capacity strengthening and proposal development for basic health services professionals) သင်တန်းအား ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ (၁၆) ရက်နေ့မှ(၂၃) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်း၏ ဖွင့်ပွဲ အခမ်းအနားအား ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)ရှိ သုတေသန စွမ်းဆောင်ရည်လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာန တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက်(၉)နာရီတွင် စတင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့် အမှာစကား ပြောကြားရာတွင် အဓိက အားဖြင့် ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အတွက် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၏ အခန်းကဏ္ဍ အရေးကြီးသည့်အတွက် ၎င်း ပညာရှင်များ၏ သုတေသနစွမ်းရည် တိုးတက်ရန် ယခုသင်တန်းသည် ဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် ပထမဆုံးအနေဖြင့် ကျန်းမာရေးမှူးများနှင့် သူနာပြုများအား သုတေသနစွမ်းဆောင်ရည် မြှင့်သင်တန်းပေးအပ်ခြင်း ဖြစ်ပါကြောင်း နှင့် သင်တန်းမှ ပို့ချချက်များကို အထူး စိတ်ဝင်စားစွာဖြင့် ကြိုးပမ်း သင်ယူစေ လိုကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်း အနားတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း နှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အဆိုပါဖွင့်ပွဲတွင် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင် က ဝမ်းမြောက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အမှာစကားပြောကြားခဲ့ပြီး (ဆေးသုတေ သနဦးစီး ဌာန၊ ပြင်ဦးလွင်ရုံးခွဲ) ၏ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာ စောစော က သင်တန်းနှင့် ပတ်သက်သည့် အကြောင်း အရာများကို အကျဉ်းခြုံး ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မဟာဘွဲ့ရရှိပြီးသူ ကျန်းမာရေးမှူး (၂၄) ဦး၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ကျန်း မာရေးမှူး (၆) ဦး နှင့် သူနာပြု နှင့်သားဖွားအသင်းမှ သူနာပြု(၃) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆရာများအဖြစ် ဆေးသုတေသနဉီးစီးဌာန၊ အခြေခံ ကျန်းမာရေးတက္ကသိုလ် ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဆေး တက္ကသိုလ်၊ ကျန်းမာရေး လူ့စွမ်း အားအရင်းအမြစ်ဉီးစီးဌာန တို့မှ facilitator (၂၆)ဦး သင်ကြား ဆွေး နွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ယခုသင်တန်းတွင် အဖွဲ့အလိုက် သုတေသနအဆိုပြုလွှာများကို ပြုစုရေး သားစေခြင်း၊ အဆိုပြုလွှာများကို သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့ (Institutional Review Board) မှ ဆန်းစစ်သုံးသပ်ပေးခြင်းတို့ အပြင် သင်တန်းမှ ထွက်ပေါ်လာမည့် အဆိုပြုလွှာများ အမှန်တကယ် သုတေသန ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေ ကိုပါ တစ်ပါတည်းချ ထားပေး မည်ဖြစ် ပါသည်။

View Photos

(၁/၂၀၂၀)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Bloomberg Data to Health Initiative တို့ ပူးပေါင်း ကျင်းပပြုလုပ်သည့် “Data to Policy (2019-2020) Module 2” သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

Bloomberg Data to Health Initiative တို့ ပူးပေါင်း ကျင်းပပြုလုပ်သည့် “သတင်း အချက်အလက်ကို အခြေခံ၍ မူဝါဒများချမှတ်ဆောင်ရွက်ခြင်း “Data to Policy (2019-2020) Module 2” သင်တန်း၏ဖွင့်ပွဲ အခမ်းအနားအား ဆေးသုတေ သနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာန တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ပါသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် (ကိုယ်စား) ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစောစော မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒေါက်တာစောစောမှ အမှာစကား ပြောကြား ရာတွင် Data to Policy သင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ဆေးသု တေသနဉီးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၆ ခုမှစတင် ကျင်းပ ခဲ့ကြောင်း သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ အထောက် အထား ခိုင်မာ သော သတင်းအချက်အလက်ကို အခြေခံ၍ မူဝါဒများ ချမှတ် နိုင်ရန် ဖြစ်ကြောင်း၊ ယခု Module 2 မှာ ကျန်းမာရေးနှင့် ကုန်ကျစရိတ်ဆိုင်ရာ အကျိုး သက်ရောက်မှု ဆန်းစစ်လေ့လာခြင်း Health and Economic impact Evaluation နှင့် ပတ်သက်သော အကြောင်းအရာများကို အဓိက လေ့ကျင့် သင်ကြား မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အဆိုပါသင်တန်း၏ Module 1 အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ( ၁၃) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့ပြီး ယခုအခါ Module 2 အား ဆက်လက် ကျင်းပ ခြင်း ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးသု တေသနဉီးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ကျန်းမာရေးလူ့ စွမ်းအားအရင်းအမြစ်ဉီးစီးဌာန၊ ကုသရေး ဉီးစီးဌာနတို့မှ National Facilitators (၁၃) ဉီး နှင့် US CDC နှင့် Vital Strategies အဖွဲ့တို့မှ International facilitators (၃)ဦးက သင်ကြားဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သင်တန်းသား များ အဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)ရန်ကန် နှင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး တို့မှ သင်တန်းသား (၂၅)ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်း အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၃) ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

View Photos

(၃၈/၂၀၁၉)

သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် ဆေးသု တေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် သုတေသန စွမ်းဆောင်ရည် လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာန အဆောက်အဦအသစ် တိုးချဲ့တည်ဆောက်မည့် အစီအစဉ် များကို ပုံစံ မူကြမ်းများနှင့်တကွ ရှင်းလင်းတင်ပြခဲ့ပြီး ကမ္ဘာ့ကျန်း မာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ဂုဏ်ပြုဝမ်းမြောက် စကား ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောရာတွင် နိုင်ငံတော် တိုးတက်ရေးအတွက် သုတေသနသည် မရှိမဖြစ်အရေး ကြီး ကြောင်း ယခုကဲ့သို့ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန ဖွင့်လှစ်နိုင်ခြင်းသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အတွက် အဓိက သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကြီး ပိုမိုပီပြင်စွာ ပေါ်ထွန်းလာရေးအတွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဦးစားပေး အစီအစဉ်ဖြင့် ပံ့ပိုးသွားမည်ဖြစ်ပြီး ဦးစီးဌာနအားလုံးမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး နှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဉက္ကဌ ဒေါက်တာ စံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်း ဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ဆေးသုတေ သနဦးစီး ဌာန ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း တို့က သုတေသန စွမ်းဆောင်ရည် လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များနှင့်အတူ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့် တင်ရေး ဗဟိုဌာန ဆိုင်းဘုတ်ကို အမွှေးနံ့သာများ အသီးသီး ပက်ဖြန်းပေးခဲ့ကြပြီး အခမ်းအနားပြီးဆုံးခဲ့ကြပါသည်။
အခမ်းအနားပြီးဆုံးချိန်တွင် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့သည် တာဝန်ရှိ သူများနှင့် အတူ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနရှိ စာကြည့်တိုက်များ၊ ကွန်ပျူတာခန်းမ၊ သင်တန်းသား/သင်တန်းသူ အဆောင်များ၊ နားနေ ဆောင်နှင့် ထမင်းစားဆောင် များကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ဆေးရုံအုပ်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ WHO Representative နှင့် Data for Health Impact Vital Strategies Programme မှ ဌာန ေကိုယ်စား လှယ် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဆေးသုတေသနဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်း များစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

View Photos

(၃၇/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခမ်းအနား ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စောစောမှ အဖွင့်အမှာ စကား ပြောကြားပြီး ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့် နှင့် ညွှန်ကြားရေးမှူး (စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ တို့မှ အမှတ်တရစကား ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစောစော နှင့် ညွှန်ကြားရေးမှူးများအဖွဲ့မှ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဉပဒေစိုးမိုးရေး တံဆိပ် ရရှိသူများအားလည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲများတွင် ထူးချွန်ဆုရရှိ သူများအားလည်းကောင်း၊ ဖွင့်လှစ်ခဲ့သည့် သင်တန်း များတွင် ပထမဆု ရရှိခဲ့သူများအား လည်းကောင်း၊ စွမ်းဆောင်ရည် အကောင်းဆုံး သုတေသနဌာနခွဲဆုရရှိသည့် ဌာနခွဲများအား လည်းကောင်း၊ ၂၀၁၉ခုနှစ်၊ ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပြိုင် ပွဲ တွင် ဒုတိယဆု ရရှိခဲ့ပါသည့် အသင်းတို့အားလည်းကောင်း ဂုဏ်ပြု လက်ဆောင် နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ပါသည်။ ဆုရရှိခဲ့သူများအနက်မှ အရာထမ်း(၁)ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ နေ့လည်(၁၃:၀၀)နာရီတွင် ဝန်ထမ်းအားလုံးအား ကံစမ်းမဲ ဖောက်ခြင်း အစီအစဉ်ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စောစော ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက် ခဲ့ပါသည်။ တက်ရောက်လာကြသည့် ဝန်ထမ်း များအားလုံးကို နေ့လယ်စာ ဘူဖေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

View Photos

(၃၆/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ပြင်ဦးလွင်မြို့၊ (၁၅)ကြိမ်မြောက် တန်ဆာင်တိုင် မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် အခြေအနေ

၁။ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ မွန်းလွဲ(၁၇:၃၀)နာရီတွင် ကျင်းပပြုလုပ် သည့် ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဘုရားကြီး(၁၅)ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မဟာအံ့ထူးကံသာဘုရားကြီး၊ မီးပုံးပျံလွှတ်ကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်း၊ အမှုထမ်း (၃၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။
၂။ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)အသင်း၏ နေ့အရုပ် အလှ (အုပ်စု)ပြိုင်ပွဲတွင် ဆင်ဖြူတော်မိသားစုအရုပ် သုံးရုပ်ဖြင့် မီးပုံပျံလွှတ်တင်ယှဉ်ပြိုင်ခြင်းကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ မွန်းလွဲ(၁၈:၀၀)နာရီတွင် သွားရောက်လွှတ်တင်ခဲ့ပါသည်။ လွှတ်တင် ယှဉ်ပြိုင်ရာတွင် ဝန်ထမ်းမိသားစုကလေးငယ်များ၏ ဆေးသုတေသန ဦးစီးဌာန စာလုံးများကို ကိုင်ဆောင်၍ ပြသခြင်း၊ ဝန်ထမ်း အမျိုးသမီးများ၏ Zumba အကဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ နိုင်ငံတော် အလံအား ပုခုံးထမ်းတင်သယ်ဆောင်၍ ဌာန၏ စည်းလုံးညီညွတ်မှုကို ပြသခြင်းများ၊ အမျိုးသား ဝန်ထမ်းများမှ ဒိုးပတ်ဝိုင်းဖြင့် သီချင်းများတီးခတ် ကပြဖျော်ဖြေခြင်းဖြင့် မီးပုံးပျံအား အောင် မြင်စွာ လွှတ်တင်ယှဉ်ပြိုင်ခဲ့ပါသည်။ မီးပုံးပျံလွှတ်တင် ယှဉ်ပြိုင် ပွဲသို့ အရာထမ်း၊ အမှုထမ်း များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၂၀)ဦး နှင့် ဝန်ထမ်းမိသားစုများမှ ကလေးငယ်(၂၂)ဦး၊ စုစုပေါင်း(၁၄၂)ဦး တို့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၃။ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ည(၂၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အသင်း အနေဖြင့် နေ့အရုပ်အလှ(အုပ်စု) ပြိုင်ပွဲဝင်အသင်း(၁၂)သင်းအနက် ဒုတိယဖလား နှင့် ဆုငွေ ၃၀၀၀၀၀ိ/- ကျပ် ရရှိခဲ့ပါသည်။

View Photos

(၃၅/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အကြိမ်(၂၀)မြောက် ကထိန်သင်္ကန်းပူဇော်ပွဲကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ၏ အကြိမ်(၂၀)မြောက် ကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ လ (၆)ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် ဦးစီးဌာန၏ အစည်းအဝေးခန်းမ(၁)၌ ကျင်းပ ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ ရွှေဘုန်းသာကျောင်း ဆရာတော်ကြီး သာသန ဓဇ၊ ဓမ္မစရိယ၊ ဝိနယဝိဒူ ဘဒ္ဒန္တဝေပုလ္လ အမှူးပြုသော ပင့်သံဃာ(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်ကြီး မှ ကထိန်တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ ထို့နောက် ဌာနခွဲ အသီးသီးမှ ဝန်ထမ်းများမှ စုပေါင်း၍ သင်္ကန်း၊ လှူဒါန်းငွေနှင့် ပစ္စည်းများ ဆင်ယင်ထားသော ပဒေသာပင်များအား ဆက်ကပ်လှူဒါန်းပြီး ပင့်သံဃာ(၅) ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပါသည်။ လှူဒါန်းငွေတန်ဖိုး စုစုပေါင်းမှာ (ကျပ် ၃၁၃၅၆၀၀ တိတိ) (ငွေသား တန်ဖိုး- ၂၅၉၁၆၀၀ နှင့် ပစ္စည်းတန်ဖိုး- ၅၄၄၀၀၀) ဖြစ်ပါသည်။ ဆက်လက်၍ ဌာနရှိ တက်ရောက် လာကြသော ဧည့်သည်တော်များနှင့် ဝန်ထမ်းအားလုံးအား အကျွေး အမွေးဖြင့် ဧည့်ခံခဲ့ပြီး လှူဒါန်း ပစ္စည်းများအား ဝန်ထမ်းများမှ ရွှေဘုန်းသာ ဘုန်းတော်ကြီးကျောင်းသို့ စည်ကား သိုက် မြိုက် စွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ညွှန်ကြားရေးမှူး (လူမှုဆေး)၊ ဒေါက်တာမိုးကျော်မြင့် ဦးဆောင်၍ အရာထမ်း ၊ အမှုထမ်းများအားလုံး စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

View Photos

(၃၄/၂၀၁၉)

Turnitin Plagiarism Software Hand-on Training သင်တန်းပို့ချြခင်း


၂၀၁၉ ခုနှစ် အောက်တိုဘာ(၁၈)ရက် နံနက် ၉၃၀နာရီတွင် Turnitin Plagiarism Software Hand-on Training ကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ  ဇော်သန်းထွန်း (ကိုယ်စား) ညွှန်ကြားရေး မှူး(သုတေသန) ဒေါက်တာမို့မို့ထွန်း တက်ရောက်၍ အဖွင့်မိတ်ဆက် အမှာစကားပြောကြားပြီး MHSRJ Website နှင့် MHRR Website အကြောင်း တို့ကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ TWLH Group Co., Ltd. မှ Senior Sale Executive ဦးရဲရင့်မင်းထွန်းက Turnitin Plagiarism Software Hand-on Training ကို ရှင်းလင်းပို့ချပြီး ဆေးသုတေ သနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဌာနခွဲမှူးများက ရရှိထားသော User Account များကို စမ်းသပ် အသုံးပြုကြ၍ သိလိုသည်များကို မေးမြန်းကြကာ သင်တန်းကို ညနေ ၄:၀၀နာရီ တွင် ရုပ်သိမ်း လိုက်ပါသည်။

View Photos

(၃၃/၂၀၁၉)

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်ခင်စောအေး အတွက် နှုတ်ဆက် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ကုန်တွင် သက်ပြည့်(အငြိမ်းစား)ယူမည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်ခင်စောအေး အတွက် ဂုဏ်ပြုနှုတ်ဆက်ပွဲ  အခမ်းအနားကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်(ကိုယ်စား)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဂုဏ်ပြုလက်ဆောင်ကို ညွှန်ကြားရေးမှူး အဖွဲ့မှပေးအပ်ခဲ့ပြီး၊ ဌာနခွဲအသီးသီးမှလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့်မှ အမှတ်တရစကားပြောကြား ခဲ့ပါသည်။
၎င်းနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပြီး နံနက်(၁၁:၄၅)နာရီ အချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများအား ဒန်ပေါက်နှင့် ရေခဲမုန့်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

View Photos

(၃၂/၂၀၁၉)

ရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခြင်း

ရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်ခြင်းကို ဆေးသုတေသနဦးစီး ဌာန ( ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေး မှ အဖွင့်အမှာစကားနှင့် ဆက်လက်ဖွင့်လှစ် သွားမည့် သင်တန်းများအကြောင်းကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး(စစ်ဆေးရေး) ဒေါက်တာရီရီမြက သင်တန်းဖွင့်လှစ် နိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အစီအစဉ်အရ ထူးချွန်ဆုရရှိသူ ဝန်ထမ်း(၃)ဦးအား ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ဒေါက်တာ ခင်စောအေး မှှ ဂုဏ်ပြုဆုနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူးများအဖွဲ့မှ သင်တန်းသား/သူ ဝန်ထမ်းများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ကွန်ပျူတာအသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မှန်ကန်၊သွက်လက်၊ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။
အဆိုပါသင်တန်းကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ကွန်ပျူတာဌာနခွဲမှ ကျွမ်းကျင်ဝန်ထမ်း(၆ဦးတို့မှ သင်ကြားပေးခဲ့ပြီး ဌာနခွဲ အသီးသီးမှ သင်တန်းသား/သူဝန်ထမ်း (၁၅)ဉီး တင်ရောက် သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ (၃၁)ရက် ကြာမြင့်ခဲ့ပါသည်။

View Photos

   (၃၁/၂၀၁၉)


အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း မှ သင်တန်းသား /သင်တန်းသူများ လာရောက်လေ့လာခြင်း

အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)မှ ကြီးကြပ်သူ ဆရာ/ ဆရာမ(၁၃)ဦးနှင့် သင်တန်းသား/သင်တန်းသူ (၈၈)ဦး ပါဝင်သော လေ့လာရေး အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြ ပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာအောင်ကျော်ကျော် က ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်း တည်ဆောက် ပုံနှင့် ဆောင်ရွက်လျက် ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ လေ့လာရေးအဖွဲ့ ကိုယ်စားဌာနမှူး (ပညာရေးနှင့်လေ့ကျင့်ရေး) ဆရာမဒေါ်ခင်စမ်းယု မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ညွှန်ကြား ရေးမှူးများ၊ ဌာနခွဲမှူးများနှင့်  လေ့လာရေးအဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား အပြီးတွင် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ အဆိုပါ လေ့လာရေး အဖွဲ့သည် နေ့လည်(၁၂:၃၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွား ကြပါသည်။

View Photos

(၃၀/၂၀၁၉)
ကျန်းမာကြံ့ခိုင်မှုအကလေ့ကျင့်မှုအစီအစဉ်

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျန်းမာကြံ့ခိုင်မှ ုအကလေ့ကျင့်မှု အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။

ကျန်းမာကြံ့ခိုင်မှု အကလေ့ကျင့်ခြင်းဖြခန္ဓာကိုယ်ဇီဝကမ္မဖြစ်စ ဉ်ပြောင်းလ ဲမှုနှင့် ယောင်ယမ်းစေသော ဓာတုပစ္စည်းများ ပြောင်းလဲမှု အပေါ်တွင် အကြိုးသက်ရောက်မှုကို လေ့လာ ခြင်းဖြစ်ပါသည်။

အဆိုပါ လေ့ကျင့်ရာသို့ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာခင်မိမိလေးနှင့် လေ့ကျင့်မှုတွင်ပါဝင်ကြသူများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။ အကလေ့ကျင့်မှုကို အားကစား နည်းပြ ဒေါ်အိသဉ္ဇာလင်း နှင့် ဒေါ်စန္ဒာဝင်းတို့မှ လေ့ကျင့် သင်ကြားပေးပြီး တစ်ပတ်လျှင် (၃)ရက်ဖြင့် (၁၂)ပတ်ကြာ စနစ်တကျ ပြုလုပ် လေ့ကျင့်မည်ဖြစ်ပါသည်။

View Photos

(၂၉/၂၀၁၉)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျင်းပသော ရာသီတုပ်ကွေးရောဂါ A(H1N1) ကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျင်းပသော ရာသီတုပ် ကွေးရောဂါA(H1N1) ကာကွယ်နှိမ်နင်းရေး အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊  နံနက်(၀၉:၃၀)အချိန်တွင် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ပြင်ဦးလွင်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာအောင်ခင် မ ှ  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရာသီတုပ်ကွေးA(H1N1) နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား  ဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်း စဉ်များအား ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာခင်ခင်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်)က ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ ရာသီတုပ်ကွေးA(H1N1) ရောဂါရှာဖွေရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဒေါက်တာ ဉမ္မာဆွေတင်၊ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်း တင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါ A(H1N1)နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဒေါက်တာ သင်းသင်းနွယ်၊ ကုသရေးဦးစီးဌာနမှူးမှ ရှင်းလင်း တင်ပြပေး ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လ ည်ဖြေကြားပေးခဲ့ပါသည်။
အခမ်းအနားကို ပြင်ဦးလွင်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာအောင်ခင် မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ရုတ် သိမ်းခဲ့ပါသည်။

View Photos

(၂၈/၂၀၁၉)

“Research Methodology Workshop 2019 for Ph.D. Candidates” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးသုတေသနဦးစီး ဌာန(ပြင်ဦးလွင်ရုံးခွဲ)၌  “Research Methodology Workshop 2019 for Ph.D. Candidates” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့၊  နံနက်(၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန် ကြားရေးမှူး/ဌာနခွဲမှူးများ နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ် များမှ ပါရဂူဘွဲ့လွန် သင်တန်းတက်ရောက်နေသူ သင်တန်းသား/ သင်တန်းသူ (၂၇)ဦး သင်တန်း ဆရာ(၁၅)ဦး အပါအဝင် စုစုပေါင်း(၆၀)ဦး တက်ရောက် ခဲ့ကြပါ သည်။ ဤအလုပ်ရုံဆွေးနွေးပွဲသည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အား သုတေသနပြု လုပ်နိုင်ရန် လေ့ကျင့်ပျိုးထောင်သည့် ဗဟိုဌာန(Research Training Center)အဖြစ် အားဖြည့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ နဝမမြောက်သင်တန်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ပါရဂူဘွဲ့ လွန် သင်တန်းသားများ သုတေသနစွမ်းဆောင်ရည် မြင့်မားစေရန် နှင့် သုတေနသနည်းပညာကို စနစ်တကျပြန်လည် အသုံးချနိုင်ရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးတက္ ကသိုလ် (မန္တလေး)မှ ဆရာများ ပူးပေါင်းသင်ကြားပေ းသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို သြဂုတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

View Photos

  (၂၇/၂၀၁၉)
အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းမှ သင်တန်းသား/သင်တန်းသူ များ လာရောက်လေ့လာခြင်း

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၃)မှ ကြီးကြပ်သူ ဆရာ/ဆရာမ(၁၃)ဦးနှင့် သင်တန်း သား/သင်တန်းသူ (၆၇)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရော က်ရှိလာရာ တာဝန်ရှိ သူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(လူမှုဆေး)၊ ဒေါက်တာ မိုးကျော်မြင့် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ က ဆေးသုတေသန ဦးစီး ဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက် ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြား ခဲ့ပါသည်။ လေ့လာရေးအဖွဲ့ ကိုယ်စား ဌာနမှူး(ပညာရေးနှင့် လေ့ကျင့်ရေး) ဆရာမဒေါ်ခင်စမ်းယု မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ၄င်းအခမ်း အနားသို့ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့်  လေ့လာရေး အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား အပြီးတွင် မှတ်တမ်း တင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ဇီဝဓါတုဗေဒ သုတေ သနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် နေ့လည်(၀၁:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၂၆/၂၀၁၉)

Short course on “Literature Search and Reference Management” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Short course on “Literature Search and Reference Management” အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဆေးသု တေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး/ဌာနခွဲမှူးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာနတို့မှ ဖိတ်ကြားထားသော သင်တန်းသား/သူများ(၃၂)ဦးနှင့်တကွ  စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အား သုတေသန ပြုလုပ်နိုင်ရန် လေ့ကျင့်ပျိုးထောင်သည့်ဗဟိုဌာန (Research Training Center) အဖြစ် အားဖြည့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ အဌမမြောက်သင်တန်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သင်တန်းသား/သူတို့အား သုတေသန သတင်းအချက်အလက်တွေကို စနစ်တကျ ရှာဖွေကိုးကားနိုင်စေရန် Literature Search and Reference Management ပြုလုပ်ရာတွင် နည်းစနစ်တို့ကို ရှင်းလင်းစွာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်ပါသည်။ အဆိုပါ ခေါင်းစဉ်များနှင့် ပတ်သက်သော Theory Background, Presentation နှင့် Demonstrating, Hards-on exercise, Discussion, Assignment တို့ကို အသုံးပြုပြီး ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာများနှင့် The Union အဖွဲ့အစည်းမှ ဆရာများ ပူးပေါင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

View Photos

(၂၅/၂၀၁၉)

“ Data Management Training Workshop” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Data Management Training Workshop” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာဇော်သန်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး /ဌာနခွဲမှူးများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဖိတ်ကြားထားသော သင်တန်း သား/သူများ (၅၀)ဦးနှင့်တကွ  စုစုပေါင်း(၇၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)အား သုတေသန ပြုလုပ်နိုင်ရန် လေ့ကျင့်ပျိုးထောင်သည့်ဗဟိုဌာန (Research Training Center) အဖြစ် အားဖြည့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ သတ္တမမြောက်သင်တန်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သင်တန်းသား/သူတို့အား Principles of Data Management နှင့် Inference Making Skill on Descriptive and Inferential Statistics, Linear Regression, Logistic Regression, Survival Analysis နှင့် Principal Component Analysis (PCA) စသည်တို့ကို ရှင်းလင်းစွာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်ပါသည်။ အဆိုပါ ခေါင်းစဉ်များနှင့် ပတ်သက် သော Theory Background, Presentation နှင့် Interpretation တို့ကို စာတွေ့နှင့်တကွ လက်တွေ့ပါ အသုံးပြုပြီး ဆေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်(မန္တလေး)တို့မှ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများက ပူးပေါင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

View Photos

(၂၄/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁ဝ:၀၀)နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)၏ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ ဒိုးပင်အောင်ကံသာဓမ္မ ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တဦးရေဝတ အမှူးပြု၍ ပင့်သံဃာ(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါ သည်။
ရှေးဦးစွာ ဆရာတော်ကြီးမှ အနုမောဓနာတရားဟောကြားချီးမြှင့်ပါသည်။ ထို့နောက် ဝန်ထမ်းများမှ ဝါဆိုသင်္ကန်းများ၊ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်(၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဌာနရှိဝန်ထမ်းများ အားလုံးအား အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ကြပါသည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်စောအေး နှင့်အတူ ဌာနရှိအရာထမ်း/ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အထက်ပါကပ်လှူ ပူဇော်ပွဲတွင် ဦးစီးဌာနမှ သင်္ကန်း(၂၁)စုံ၊ ထီး(၁)လက်၊ ဖိနပ်(၂)ရံ နှင့် နဝကမ္မအလှူတော်ငွေ (၁၄၀၀၀ိ)ကျပ်အား ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။

View Photos
         

(၂၃/၂၀၁၉)

“ Research Methodology Workshop 2019 ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌  “Research Methodology Workshop” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊  နံနက်(၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာအောင်ခင်  တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂)ဦး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ မန္တလေးသူနာပြုတက္ကသိုလ် နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူး(၅)ဦး၊ ဒုတိယညွှန်ကြားရေးမှူး(၁၂)ဦး၊ ဆေးသုတေသနဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ(၅)ဦး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ(၂၁)ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ (၂)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ(၂)ဦး၊ ကုသရေးဦးစီးဌာနမှ(၅)ဦး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ (၅)ဦး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအသီးသီး မှ ဆရာမ (၁၀)ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၈၀)ဦး ခန့်တက်ရောက်ခဲ့ကြ ပါသည်။
သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဘွဲ့လွန် သင်တန်းတက်ရောက်နေသူများသည် သုတေသနနည်းပညာကို အသုံးချ၍ ကျန်းမာရေး သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေးဝန်ထမ်းများ သုတေသန စွမ်းဆောင်ရည်မြင့်မားစေရန် နှင့် သုတေသနနည်းပညာကို စနစ်တကျ ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ပါသည်။
အဆိုပါ သင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

View Photos

(၂၂/၂၀၁၉)

“ Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings ” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

“Review of ‘2014-2018 Facility Assessment for Reproductive Health Commodities and Services’ Research Findings” အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊  နံနက်(၀၉:၀၀)အချိန်တွင် ပြင်ဦးလွင်မြို့ Thuzar Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်ခင်စောအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲတို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ကုသရေးဦးစီး ဌာနတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UN နှင့် INGO အဖွဲ့အစည်း တို့မှ ကိုယ်စားလှယ်များ၊ Deputy Director General (Retired) ဒေါက်တာကျော်ဦး၊ ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ညွှန်ကြားရေးမှူးများ၊ Organizing Committee members များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း(၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများနှင့် သားဆက်ခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်(၂၀၁၄)ခုနှစ် မှ (၂၀၁၈)ခုနှစ် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်ခဲ့သော Facility Assessment for Reproductive Health Commodities and Services သုတေသနလုပ်ငန်း၏ တွေ့ရှိချက်များကို လေ့လာသုံးသပ်၍ လိုအပ်ချက်များ၊ ၎င်းတို့ကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ပြုပြင်ပြောင်းလဲရန်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ် ရန်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ အချက်အလက်များအပေါ် အခြေခံ၍ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ပြဿနာများ၏အရင်းအမြစ်ကို လေ့လာ သုံးသပ်ခြင်းနှင့် အကြုံပြုဆွေးနွေးခြင်း စသည်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၂)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

View Photos

(၂၁/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ(Scientific Talk)(၆/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program ) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ (Scientific Talk) အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်း အဝေးခန်းမ(၁)တွင်  ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ ဒုတိညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာလင်းမှ သဘာပတိအဖြစ် လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာအေးမှ အခန်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
          အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ကွန်ပျူတာဌာနခွဲမှ ဒေါ်ခိုင်ဝါလွင်မှ မှ “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Web Mail Services  ဖြစ်သည့် https://mail.mohs.gov.mm” အသုံးပြုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသန ဌာနခွဲမှ သုတေသနလက်ထောက်(၂)၊ ဒေါ်သီရိလှိုင်မှ “Medicines at home” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက်လာသူ ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်း ခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၉၆)ဦး တက်ရောက်ခဲ့ပါသည်။

View Photos

(၂၀/၂၀၁၉)

ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြု ကျောင်းသား /ကျောင်းသူ များလာရောက် လေ့လာခြင်း

ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြု ကျောင်းသား/သူ(၁၄၂)နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၁၉)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ (၂၉)ရက်နေ့၊ နေလည်(၀၁:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရေနံချောင်းဒီဂရီကောလိပ်၊ ဓါတုဗေဒအထူးပြုကျောင်းသား/သူများ ကိုယ်စား ပါမောက္ခဌာနမှူး ဒေါက်တာလင်းလင်းထွန်း မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့်  လေ့လာရေးအဖွဲ့ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ဇီဝဓါတုဗေဒ သုတေသနဌာနခွဲ၊ ဆေးဝါးဗေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟို ဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် ညနေ(၀၄:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၁၉/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ(Scientific Talk)(၅/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program ) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ (Scientific Talk) အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်း အဝေးခန်းမ(၁)တွင်  ၂၀၁၉ ခုနှစ်၊မေလ (၂၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ ဒုတိညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာလင်းမှ သဘာပတိအဖြစ် လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာအေးမှ အခန်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
          အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဗိုင်းရပ်(စ်)ဗေဒသုတေသန ဌာနခွဲမှ ဒေါက်တာအောင်ကျော်ကျော် မှ “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ About 4th KOICID-C3VIRD-TIDCL International Symposium and Meeting and 2nd Workshop for TIDCL(18-22 feb 2019)in South Korea  အသုံးပြုခြင်း ခေါင်းသည်ဖြင့်လည်းကောင်း၊ ဇီဝဗေဒသုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂)၊ ဒေါ်ကြည်စန်းမှ “အဝလွန်ရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက်လာသူ ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၆၄)ဦး တက်ရောက်ခဲ့ပါသည်။

View Photos

(၁၈/၂၀၁၉)


မကွေးတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ အထူးပြုကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခြင်း

မကွေးတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ အထူးပြု ကျောင်းသား/ သူ(၇၄)နှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၂၂)ဦး ပါဝင်သော လေ့လာရေးအဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး (စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက် လျက်ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ဓာတုဗေဒနှင့်ဇီဝဓာတုဗေဒအထူးပြု ကျောင်းသား/ သူများ ကိုယ်စား ပါမောက္ခ ဒေါက်တာ ဒေါ်သီတာအောင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်း အခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့်လေ့လာရေးအဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား အပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ရောဂါဗေဒ သုတေသန ဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် နေလည်(၁၂:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၁၇/၂၀၁၉)

ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ဖွင့်လှစ်ခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းကို ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ တွင် သုတေသနအရာရှိ၊ဒေါက်တာနန္ဒာကို ဦးဆောင်၍ ရောဂါဗေဒသုတေသန ဌာနခွဲတွင် ဖွင့်လှစ်ခဲ့ပါသည်။
ဆေးခန်းဖွင့်လှစ်ခြင်းမှာ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဝန်ထမ်းများ အားလုံး/ မှီခိုသူမိသားစုများနှင့်  Training Center သို့ လာရောက်၍ သင်တန်းတက်ရောက် ကြသည့် ပြင်ပပုဂ္ဂိုလ်များအား ကုသပေးနိုင်ရန် ရည်ရွယ်ပါသည်။
ဖွင့်လှစ်သည့်နေ့ရက်တွင် ဆေးပေးကုသခန်းသို့ ဝန်ထမ်း(၃)ဦးမှ လာရောက်၍ ကုသမှုခံယူခဲ့ပြီး ဆရာဝန်နှင့်ကျွမ်းကျင်ဝန်ထမ်းများမှ စောင့်ရှောက်ပေးခဲ့ကြပါသည်။
အဆိုပါဆေးခန်းကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး (ဆရာဝန်ကြီး)(၄)ဦး မှ ကြီးကြပ်တာဝန်ယူ၍ သုတေသန အရာရှိ/သုတေသနမှူး ဆရာဝန်(၉)ဦး နှင့် အကူသူနာပြု ဝန်ထမ်း (၄)ဦးမှ အပတ်စဉ် တနင်္လာနေ့ မွန်းလွဲ(၂)နာရီ မှ (၄)နာရီ အထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်

View Photos

(၁၆/၂၀၁၉)


ရုံးလုပ်ငန်းသုံး ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရုံးလုပ်ငန်းသုံး ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဆေးသုတေသနဦးစီဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက်ရှိ E-Library ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားကို ညွှန်ကြားရေးမှူး(စီမံကိန်း)၊ ဒေါက်တာ မိုးကျော်မြင့် မှ အဖွင့်အမှာ စကား ပြောကြားပြီး ဖွင့်လှစ်ခဲ့ ပါသည်။
အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့်၊ ဒုတိယ ညွှန်ကြားရေးမှူး (ထောက်ပံ့/စီမံ)၊ ဦးခိုင်ထွန်း ဦးဆောင်၍ ဌာနအတွင်းမှ သင်ကြားရေးဆရာ/ဆရာမ(၆)ဦး၊ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းရည်ရွယ်ချက်မှာ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ ကွန်ပျူတာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု ရှိစေရန်နှင့် ရုံးလုပ်ငန်းများ လျင်မြန် သွက်လက်လာစေရန် ဖြစ်ပါသည်။

View Photos

(၁၅/၂၀၁၉)

“Training Workshop on “Responsible Conduct of Research and Research Ethics” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

“Training Workshop on “Responsible Conduct of Research and Research Ethics” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ပထမဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒေါက်တာ ဇော်သန်းထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူ များ၊ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ အရာထမ်းများ စုစုပေါင်း (၁၀၀) ကျော် ခန့်တက်ရောက်ခဲ့ကြပါသည်။
သင်တန်းရည်ရွယ်ချက်မှာ လူသားများပါဝင်သော သုတေသနများ ဆောင်ရွက်ရာ တွင် သုတေသနကျင့်ဝတ်၏ အရေးပါပုံကို သိရှိစေရန်၊ အရည်အသွေး တာဝန်ခံနိုင်သော သုတေသနဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်မြင့်မားတိုးတက်စေရန်၊ ဆေးတက္ကသိုလ်နှင့် အခြား တက္ကသိုလ်များတွင် ကျင့်ဝတ်နှင့်ဂုဏ်သိက္ခာကို သုတေသနယဉ်ကျေးမှု ထွန်းကားလာစေရန်၊ တက္ကသိုလ်ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအကြား လွဲမှားသော သုတေသနဆောင်ရွက်ခြင်း အပြုအမူများ တားဆီးနိုင်ရန် ရည်ရွယ်ချက်များ ဖြင့် ကျင်းပခဲ့ပါသည်။
သင်တန်းပို့ချရာ ကာလအတွင်း သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံဖြင့် သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်း များ ဆောင်ရွက်ခြင်းနှင့် ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းကို ဧပြီလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့ အထိ(၄)ရက်တိုင်တိုင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

View Photos

(၁၄/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနား ကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ် တရားနာ အခမ်းအနားကို၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ စီမံခန့်ခွဲရေးဌာနခွဲ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဒိုးပင်အောင်ကံသာပရဟိတကျောင်းမှ ဆရာတော် ဦးနန္ဒိယ အမှူးပြုသော သံဃာတော်(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ ပါသည်။ ဦးစွာ ဝန်ထမ်းမိသားစုများမှ ရတနာ(၃)ပါးအား ရှိခိုးက န်တော့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ သံဃာတော်များ မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့် ပေးကြပါ သည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာခင်လင်းမှ ဦးဆောင်၍  လှူဒါန်းဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်ဦးနန္ဒိယမှ ရေစက်ချအနုမောဒနာ တရား ဟောကြားခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၁၃:၃၀) နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ အရာထမ်း/အမှုထမ်းစုစုပေါင်း (၅၀)ဦးခန့် တက်ရောက် ခဲ့ကြပြီး အခမ်း အနားအပြီးတွင် တက်ရောက်လာကြသူများအား အချိုရည်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

View Photos

(၁၃/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ မိသားစုများ၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။  အခမ်းအနားတွင် အရာထမ်း/ အမှုထမ်းပေါင်း (၁၅)ဦးမှ သင်္ကြန်သီချင်းများဖြင့် လည်းကောင်း၊ ဝန်ထမ်းအမျိုးသမီး ငယ်များနှင့် ဝန်ထမ်းမိသားစု၏ မျိုးဆက်သစ် သားငယ်/ သမီးငယ်များမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ အခမ်းအနားကိုနေ့လယ် (၁၂:၀၀) နာရီတွင် မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပျော်ရွှင် စွာသံပြိုင် သီဆို ၍ပြီးဆုံးခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ဝန်ထမ်းများအားလုံးအား မုန့်လုံးရေပေါ် ဖြင့် တည်ခင်းဧည့်ခံ ခဲ့ပြီးနောက် ဝန်ထမ်းမိသားစုများ ပျော်ရွှင် စွာနှုတ်ဆက် ရေကစားခဲ့ကြပါသည်

View Photos

(၁၂/၂၀၁၉)

ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)စတုတ္ထအကြိမ် ဒုလ္လဘရဟန်းခံ၊ ရှင်သာမဏေဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

စတုတ္ထအကြိမ် ဒုလ္လဘရဟန်းခံ၊ ရှင်သာမဏေဝတ်  အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၈) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ အောင်ကံသာဓမ္မရိပ်သာ ဆရာ တော်ဦးရေဝတ အမှူးပြုသော ဿံဃာတော်(၅)ပါးနှင့် ပြင်ဦးလွင်ရုံးခွဲ မှ ဒုလ္လဘသံဃာ(၃)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို၌ ဖွင့်လှစ်ခဲ့ပါ သည်။ ဆက်လက်၍ ဝန်ထမ်းများမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာ တော်မှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်စောအေး မှ လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် ဦးရေဝတမှ အနုမောဒနာတရားနှင့် ရေစက်ချ တရားတော်များ ဟောပြောချီးမြှင့် ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နံနက် (၁၁:၀၀)နာရီတွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အထက်ပါ သံဃာတော်များအား ဝန်ထမ်းများမှ  နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။ အဆိုပါ အခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခင်စောအေးနှင့် အရာထမ်း/ အမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ပြီး ၀န်ထမ်းများအားလုံးအား နေ့လယ်စာဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

View Photos

(၁၁/၂၀၁၉)

Interviewer Training on “2019 Facility Assessment for Reproductive Health Commodities and Services ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

       Interviewer Training on “2019 Facility Assessment for Reproductive Health Commodities and Services” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင်ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင် စောအေး မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သုတေသန မှူးများ၊ သုတေသနအရာရှိများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ပြည်သူ့ကျန်းမာရေးမှ သင်တန်းသူ/ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ UNFPAမှ ဧည့်သည်တော်များ၊ စုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ သုတေသနဆောင်ရွက်မည့်   သုတေသီများ နှင့် အချက်အလက် ကောက်ယူမည့်ဝန်ထမ်းများ သုတေသနအချက်အလက် များ ကောက်ယူမည့် နည်းစနစ်ကို တတ်မြောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ သင်တန်းသူ/ သင်တန်းသားများ အနေဖြင့် သုတေသနနည်းလမ်းတစ်ခုဖြစ်သော Face to Face Interview နှင့် ပတ်သက်၍ သိရှိရန်လိုအပ်သော အခြေခံသဘောတရားများ နားလည်သိရှိစေပြီး သုတေသနအချက်အလက် များ ကွင်းဆင်းကောက်ယူခြင်း၊ အဆင့်ဆင့်ကို စာတွေ့ပါမက လက်တွေ့ပါ ဆောင်ရွက်နိုင်ခဲ့ ပါသည်။
          သင်တန်းပို့ချရာ နှစ်ရက်တာအတွင်း သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံ ဖြင့်သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းကို မတ်လ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့ အထိ(၂)ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ပါသည်။

View Photos

     (၁၀/၂၀၁၉)


Coordination Meeting on “2019 Facility Assessment for Reproductive Health Commodities and Services ”အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Coordination Meeting on “2019 Facility Assessment for Reproductive Health Commodities and Services” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြနန်းတော်ဟိုတယ်၊ ပြင်ဦးလွင်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ ဆေးသုတေသနဦးစီး ဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လှမြသွေးအိန္ဒြာ တို့မှ အဖွင့် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သုတေသနမှူးများ၊ သုတေသန အရာရှိများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ UNFPAမှ ဧည့်သည်တော်များ၊ စုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
အစည်းအဝေး၏ရည်ရွယ်ချက်မှာ သုတေသနဆောင်ရွက်ရန်  သုတေသီများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မိခင်နှင့်မျိုးဆက်ပွားကိုယ်စားလှယ်များ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး၍ သုတေသန၏ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အဓိကသုတေသီ ဒေါက်တာမိုးကျော်မြင့်မှ သုတေသနအကြောင်းကို မိတ်ဆက်ပြောကြားခြင်း၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လှမြသွေးအိန္ဒြာ က ပြည်သူကျန်းမာရေးဦးစီးဌာန၏ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြခြင်း၊ သုတေသနမှူး ဒေါက်တာကျော်သူစိုးက သုတေသနလုပ်ဆောင်မှု နည်းစနစ်ကို ပြောကြားခြင်း ၊ သုတေသနအရာရှိ ဒေါက်တာကျော်ကိုကိုထက်မှ Sampling and Sample Size ကို ပြောကြားခြင်း၊ ဆက်လက်၍ အဓိကသုတေသီ ဒေါက်တာမိုးကျော်မြင့်မှ Team Formation and Job description ၊ သုတေသနမှူး ဒေါက်တာကျော်သူစိုးက Questionnaire for HF providers ၊ သုတေသနအရာရှိ ဒေါက်တာ ကျော်ကိုကိုထက် မှ Administrative procedures and Technical issues တို့ကို ဆွေးနွေးတင်ပြခဲ့ပါသည်။ အစည်းအဝေးကို ညနေ (၄: ၃၀) နာရီတွင် ပြီးစီးခဲ့ပါသည်။

View Photos

  (၉/၂၀၁၉)

Training Workshop on “Qualitative Methods in Health Research ” အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Training Workshop on “Qualitative Methods in Health Research” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊မတ်လ (၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ ဆေးသု တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဒေါ်ခင်စောအေးမှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သင်တန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးသုတေသနဦးစီး ဌာန(ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်းများ၊ ဆေးတက္ကသိုလ်- ၁ ၊ ဆေးတက္ကသိုလ် - ၂ ၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ ပထမနှစ် နှင့် ဒုတိယနှစ် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာရပ်ကို လေ့လာနေသော ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများအပြင် ဆေးတက္ကသိုလ် အသီးသီးမှ ကာကွယ်ရေးနှင့် လူမှုဆေးပညာဌာနများမှ လက်ထောက်ကထိကများနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ လက်ထောက်ကထိက(၁)ဦး၊ သင်တန်းသား/သင်တန်းသူ(၃၅)ဦး၊ စုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ပြီး နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သုတေသန နည်းလမ်းတစ်ခုဖြစ်သော Qualitative research နှင့် ပတ်သက်၍ သိရှိရန်လိုအပ်သော အခြေခံ သဘောတရားများ နားလည်သိရှိစေရန်နှင့် Qualitative research ဆောင်ရွက်ခြင်းလုပ်ငန်းစဉ် များဖြစ်သော သုတေသနအဆိုပြုလွှာ စတင်ပြုစုခြင်းမှသည် သုတေသနအချက်အလက်များ ကွင်းဆင်းကောက်ယူခြင်း၊ သုတေသနရလဒ်များ ရေးသားတင်ပြခြင်းအထိ အဆင့်ဆင့်ကို စာတွေ့ပါမက လက်တွေ့ပါ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
          သင်တန်းပို့ချရာ ငါးရက်တာအတွင် သိရှိရမည့် သင်ခန်းစာများကို lecture များပို့ချရုံ ဖြင့်သာမကဘဲ အမေးအဖြေ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူလူထုအတွင်း လက်တွေ့ ကွင်းဆင်း၍ သုတေသနအချက်အလက်များကို Qualitative research နည်းလမ်းများဖြင့် လက်တွေ့ကောက်ယူစေခြင်း၊ ရရှိလာသော အချက်အလက်များကို ကိုယ်တိုင်ခွဲခြား စိတ်ဖြာ နားလည်နိုင်စေရန် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သုတေသနစာစောင်များကို ကိုယ်တိုင်ဖတ်ရှု လေ့လာ၍ ဆွေးနွေးစေခြင်း၊ အုပ်စုလိုက် Presentation များပြုလုပ်စေခြင်း တို့ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။
          အခမ်းအနားပြီးဆုံးချိန်တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပြီးအဆိုပါ သင်တန်းကို မတ်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

View Photos

    (၈/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၄/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဆေးဝါးဗေဒသုတေသနဌာနခွဲ မှ သုတေသနမှူး ၊ ဒေါက်တာ အိအိထွေး မှ  သဘာပတိအဖြစ်လည်းကောင်း ၊ ဘတ်ဂျက်နှင့်ငွေစာရင်းဌာနခွဲ မှ စာရင်းကိုင်-၁ ၊ ဒေါ်ဒိုင်ယာနာနွေးနွေးမှ  အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဘတ်တီးရီးယားဗေဒ သုတေသနဌာနခွဲမှ   ဒေါက်တာငြိမ်းငြိမ်းသောင်း မှ “ဝက်သက်နှင့်ဂျိုက်သိုးရောဂါအကြောင်း သိကောင်းစရာ ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ၊ ဒေါ်သီတာအေး မှ “ပရင်တာဆိုင်ရာသိမှတ်ဖွယ်ရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၈၉) ဦး တက်ရောက်ခဲ့ကြပါသည်။

View Photos

  (၇/၂၀၁၉)

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ အရာထမ်းလောင်းအခြေခံသင်တန်း၊  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းသား/ သင်တန်းသူများ လာရောက် လေ့လာခြင်း

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ကြီးကြပ်သူ ဆရာ/ဆရာမ (၁၀)ဦး၊ သင်တန်း သား/ သင်တန်းသူ(၁၁၆)ဦး၊ စုစုပေါင်း (၁၂၆)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ မတ်လ (၄) ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသု တေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။​ လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင်၊ ဌာနကြီးမှူး(ပညာရေးနှင့်လေ့ကျင့်ရေး) ဒေါ်ခင် စမ်းယုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအန ားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် အုပ်စု(၂)စုခွဲ၍ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)ရှိ ဇီဝဓါတု ဗေဒသုတေသနဌာနခွဲ၊ ကပ်ပါးပိုး ဗေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၆/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၃/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဆေးဝါးဗေဒသုတေသနဌာနခွဲ မှ သုတေသနမှူး ၊ ဒေါက်တာ အိအိထွေး မှ  သဘာပတိအဖြစ်လည်းကောင်း၊ ဘတ်ဂျက်နှင့်ငွေစာရင်း ဌာနခွဲ မှ စာရင်းကိုင်-၁ ၊ ဒေါ်ဒိုင်ယာနာန ွေးနွေးမှ  အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဓါတ်ခွဲခန်းတိရစ္ဆာန် မွေးမြူရေးဌာနခွဲမှ  ဒေါက်တာရတနာအောင် မျိုးဟန် မှ “Antimicrobial Residues in Food of Animal Origin ”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စီမံခန့်ခွဲရေးဌာနခွဲမှ ပုံနှိပ်ကျွမ်းကျင်- ၂ ၊ ဒေါ်တင်မိုးဝင်း မှ “မင်းကွတ်သီး၏ ဆေးဖက်ဝင် ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

View Photos

(၅/၂၀၁၉)

ကမ္ဘာ့ကင်ဆာရောဂါနေ့အထိန်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် အကြိုအသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန ်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်စောအေးမှ အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ကင်ဆာရောဂါနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေရောင်နှင်းဆီ၊ ကင်ဆာဖောင်ဒေးရှင်းမှ ပြုစုထားသည့် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ၏ အသိပညာပေး Video File ကို ပြသခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး(လူမှုဆေးသုတေသန)၊ ဒေါက်တာစောစောမှ ကင်ဆာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ သိသင့် သိထိုက်သည်များကို ပြောကြားခဲ့ပါသည်။  
ဟောပြောပွဲ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံး ခွဲ)မှ အရာထမ်း/ အမှုထမ်းများ၊ အတူနေမိသားစုဝင်များ စုံညီစွာတက်ရ ောက်ခဲ့ကြပါသည်။ တက်ရောက်လာကြ သူများမှ သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ခင်စောအေးနှင့် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေ ကြားခဲ့ပြီး နေ့လည်(၁၁:၄၅)နာရီ အချိန်တွင် အခမ်းအနားပြီး
ဆုံး ခဲ့ပါသည်။

View Photos

  (၄/၂၀၁၉)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ဓာတုဗေဒဌာနမှ ဓာတုဗေဒအထူးပြုကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခြင်း

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီက ောလိပ်(စစ်ကိုင်း) ဓာတု ဗေဒဌာနမှ ဓာတုဗေဒအထူးပြု ကျောင်းသား/ ကျောင်းသူ(၂၇)ဦး၊ကြီးကြပ်သူ ဆရာ/ဆရာမ(၁၁)ဦး၊ စုစုပေါင်း (၃၈)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံး ခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆို ခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း)၊ ဒေါက်တာမိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူး(စစ်ဆေးရေး)၊ ဒေါက်တာရီရီမြ မှ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်း များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ ဓာတုဗေဒဌာနမှ  ပါမောက္ခ/ဌာနမှူး၊ ဒေါ်ခင်မြမြဦး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ညွှန်ကြား ရေးမှူးများနှင့် ဌာနခွဲမှူးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ  ကပ်ပါးပိုးဗေဒသုတေ သနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေးဥယျာဉ် များ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက် နှင့် Herbal Museum တို့ကို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေး အဖွဲ့သည် ညနေ(၂:၃၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြပါသည်။

View Photos

(၃/၂၀၁၉)

ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ (Scientific Talk) (၁/၂၀၁၉) ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရပညာရပ် ဆိုင်ရာ ဟောပြောပွဲ(Scientific Talk) အခမ်းအနားကို ဆေးသု‌တေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့ ၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဗိုင်းရပ်(စ်)ဗေဒ သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာ အောင်ကျော် ကျော်မှ  သဘာပတိ အဖြစ်လည်းကောင်း၊ ကွန်ပျူတာ ဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဒေါ်သီတာဝင်းမှ အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ဇီဝဓါတုဗေဒသုတေ သနဌာနခွဲမှ  ဒေါက်တာသက်ဦးဝေ မှ “Disinfectanrt” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲရေး ဌာနခွဲမှ အငယ်တန်း လက်ရေးတိုလက်နှိပ်စက်ရိုက် ၊ ဒေါ်သင်းသင်းလဲ့ မှ “အိပ်စက်ခြင်းနှင့် ကျန်းမာရေးအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြခဲ့ပါသည်။ တက်ရောက် လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင် များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့  ညွှန်ကြား ရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၈၄)ဦး တက်ရောက် ခဲ့ကြပါသည်။

View Photos

  (၂/၂၀၁၉)

မန္တလေးတိုင်းဒေသကြီး၊မြန်မာ့အာမခံလုပ်ငန်းမှ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊   ဝန်ထမ်းများ အတွက် အသက်အာမခံ (ကာလတို)လာရောက် ဆောင်ရွက်ပေးခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်နှင့် အဖွဲ့သည်  ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန် ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ ဝန်ထမ်းများနှင့် မန္တလေး တိုင်းဒေသကြီး မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူများ တွေ့ဆုံ ပွဲကို အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူး (စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်မှ မြန်မာ့အာမခံ လုပ်ငန်းမှ ဆောင်ရွက်ပေးနေသည့် အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အထူးအားဖြင့် နိုင်ငံတော်မှ ၂၀၁၈ခုနှစ်၊ ဇွန်လမှစ၍ ဆောင်ရွက်ပေးလျှက်ရှိ သော ဝန်ထမ်းများအတွက် (ကာလတို) အသက်အာမခံ ဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက် ခြင်းဖြစ် ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။တက်ရောက်လာသူ ဝန်ထမ်း များမှ သိရှိလိုသည် များကို ဆွေးနွေး မေးမြန်းကြရာ မြန်မာ့ အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ချိုချိုလွင်နှင့် အဖွဲ့မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်း/အမှုထမ်း များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား ပြီးဆုံးချိန်တွင် အရာထမ်း/အမှုထမ်းပေါင်း (၁၆၄) ဦးမှ (ကာလတို) အသက်အာမခံ ထားရှိခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

View Photos

(၁/၂၀၁၉)

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းသား/ သင်တန်းသူများ လာရောက်လေ့လာခြင်း

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ကြီးကြပ်သူ ဆရာ/ဆရာမ (၁၀)ဦး၊ သင်တန်း သား/ သင်တန်းသူ(၇၃)ဦး၊ စုစုပေါင်း (၈၃)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြ ပါသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ(၁)၌ ညွှန်ကြားရေးမှူး(စီမံကိန်း) ၊ ဒေါက်တာ မိုးကျော်မြင့် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ဆောင်ရွက်လျက်ရှိသည့်သုတေသန လုပ်ငန်း များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။​ လေ့လာရေးအဖွဲ့ ကိုယ်စား အဖွဲ့ခေါင်းဆောင်၊ဌာနကြီးမှူး (ပညာရေးနှင် ့လေ့ကျင့် ရေး) ဒေါ်ခင်စမ်းယု မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပါသည်။
လေ့လာရေးအဖွဲ့သည် အုပ်စု(၂)စုခွဲ၍ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ရှိ ဇီဝဓါတုဗေဒသုတေသနဌာနခွဲ၊ ကပ်ပါးပိုးဗ ေဒသုတေသနဌာနခွဲ၊ ပရဆေးစိုက်ခင်းနှင့် ပရဆေး ဥယျာဉ်များ၊ ဗဟိုဇီဝဆေးပညာစာကြည့်တိုက်နှင့် Herbal Museum တို့ကိုလ ေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။ လေ့လာရေး အဖွဲ့အား ဦးစီးဌာနမှ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဆိုပါ လေ့လာရေးအဖွဲ့သည် နေ့လည်(၁၂ :၃၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာ သွားကြပါသည်။

View Photos

 

 

 
Home Administration & Support Planning Inspection Procurement and Distribution Clinical Research Centre Biomedical Research Centre Socio Medical Research Centre Events Announcements
 
 
Copyright 2015 Department of Medical Research (Pyin Oo Lwin branch)